ပညာရွှေအိုးလူမခိုးဆိုတဲ့စကားပုံနဲ့အညီသူတပါးခိုးယူလုယူမှုအန္တရယ်ကကင်းဝေးစေဖို့ပညာအလင်းရောင်ရဖို့အတွက်“စုရင်ခွင်”လို့အမည်ရတဲ့ပညာဒါန ကျောင်းလေးကိုNLDလူငယ်များကဦးစီးပြီးကွမ်းခြံကုန်းမြို့နယ်၊မရမ်းကျေးရွာမှာ၂၀၁၁ဇူလိုင်လအတွင်းဖွင့်လှစ်ခဲ့ပါတယ်။
လာမယ့် ပညာသင်နှစ်မှာ ကျောင်းဆောင်လေးကောင်းဖို့အတွက် မြေအလျှုရှင်ဦးဝင်းဦး နှင့် ဒေါ်လင်းထိန် မိသားစုမှ မြေကို လှူဒါန်းခဲ့ပြီး မရမ်းကျေးရွာ ပြည်သူများကလဲ စေတနာထက်သန်စွာ ပါဝင်ဆောက်လုပ် လှူဒါန်းခဲ့ကြပါတယ်။
“စုရင်ခွင်” ပညာကျောင်းဆောင်ဖွင့်ပွဲကို ဧပြီလ (၂၉) ရက်နေ့မှာ စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှာ တောင်တွင်းကြီးမြို့နယ် NLD အဖွဲ့ချုပ်မှ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ မရမ်းကျေးရွာ အုပ်ချုပ်ရေးမူးနှင့် တကွ ကျေးရွာသူ ကျေးရွာသားများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။
စုရင်ခွင် ပညာဒါန ကျောင်းလေးကလာမည့်(၂၀၁၂-၂၀၁၃)ပညာသင်နှစ်အတွက် သူငယ်တန်းမှ န၀မတန်း အထိ ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ကို လက်ခံထားရှိပြီး စေတနာဝန်ထမ်း ဆရာ(၆)ဦးက သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း အမေ့အိမ် (mother’s Home)ပညာရေး ကွန်ရက်မှာဖော်ပြ ထားပါတယ်။
ဧရာဝတီ(Blog)
No comments:
Post a Comment