Monday, April 30, 2012

စင်ကာပူ အငြိမ့်


ဒီနေ့ညပွဲ။လူရွှင်တော်ဇာဂနာ၊မေတ္တာ၊အရိုင်း၊ကင်းကောင်၊ငှက်ပျောကြော်၊ ဗေဒါ။မင်းသမီး ချောအိငြိမ်းနဲ့အရိုင်းရဲ့သမီးလေးပန်းနု။

ပြက်လုံးက အဟောင်းတွေကော အသစ်တွေကောပါတယ်။

လူတွေက အရိုင်းနဲ့ ဇာဂနာ အလုပ်အင်တာဗျူးမှာ အမေးအဖြေလုပ်တာ သဘောကျကြတယ်။ ဇာဂနာကမေး၊ အရိုင်းကဖြေ။ မြန်မာပြည်မှာ လောလောဆယ် ဘာအပေါဆုံးလဲ ဆိုတော့ “ဖောင်ဒေးရှင်း“ တဲ့။ လောလောဆယ် ခေတ်အစားဆုံး စကားလုံး ၂ လုံးကိုပြောပါ ဆိုတော့ “အမေ” နဲ့ “အဘ” တဲ့။

အဲဒါကို တော်တော်သဘောကျကြတယ်။ လူ ၂၀၀ လောက်ရှိမယ်။ ရုံပြည့်ပဲ။ သီချင်း၊ သံချပ်ပြီး ခဏ ပွဲနား၊ ပြီးတော့ အငြိမ့်ထွက်။ သံချပ်က အသီးတွေ လုပ်တဲ့ ဟာမျိုးကိုပြန် အပ်ဒိတ်လုပ်ထားတာ။ အလုပ်သမားတွေအကြောင်း သံချပ်ထိုးတာပါတယ်။
ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List