Monday, April 30, 2012

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)


(၃၃)အဆန်အိပ်စင်ရထားသည်နန့်စီးအောင်ဘူတာမှ(၂၉.၄.၂၀၁၂)နံနက်(၀၀း၅၆)နာရီအချိန်တွင်ထွက်လာပြီးနံနက်(၁း၁၀)နာရီအချိန်ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင်ဘူတာအကြားမိုင်တိုင်၆၁၆/၁ နှင့်၆၁၆/၃အကြားတံတားအမှတ်(၅၃၄) နေရာတွင်မိုင်း(၂)လုံးဆက်တိုက် ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ(၁၂)ပါဝင်ရာ၊(၈)တွဲလမ်းချော်ခဲ့ပါသည်။အထက်တန်းအိပ်ခန်းတွဲ(၁)၁၂၆၆၉ နှင့်တွဲ(၇)၁၂၆၅၄BREZ10919စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင်တွဲ(၁)Dခန်းတွင်လိုက်ပါလာသောမျိုးမင်းထိုက်(၂၈)နှစ်ညာဘက်ခြေထောက်ကျိုးသွားပြီး၊အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကိုပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။








 



သစ်ထူးလွင် (Blog)

No comments:

Post a Comment

My Blog List