Friday, May 04, 2012

အမြင်မတူတာတွေကိုညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

"ကျွန်မတို့လွှတ်တော်ထဲ ရောက်ပြီးသား ဖြစ်နေတဲ့ပါတီအဖွဲ့အစည်း တော်တော်များများကကိုယ်စားလှယ်တွေကလှိုက်လှိုက်လှဲလှဲနဲ့ကြိုဆိုကြပါတယ်။လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ကြိုဆိုပြီးတော့အားလုံးပူးပေါင်းဆောင်ရွက်ချင်တဲ့ဆန္ဒတွေကို ဖော်ပြကြပါတယ်။အဲဒါကတော့ကျွန်မတို့ နိုင်ငံအတွက်အင်မတန်မှ ကောင်းတဲ့အလားအလာလို့ကျွန်မထင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လွှတ်တော်တွင်းအမြင်မတူတာတွေကိုညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွတ်တော်တွင်းပါတီအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ကြည့်မြင်တိုင်မြို့နယ်၊အထက်ကြည့်မြင်တိုင်ရပ်ကွက်၊ဘောဂလမ်းကNLDရုံးခန်းဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်မှာဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကိုပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင်ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ဒီကိစ္စကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယကဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်တို့တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List