Saturday, May 05, 2012

လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက်

 
လွှတ်တော်ကိုယ်စားလှယ်၇ဦးသည်FriedrichNaumannFoundation၏ဖိတ်ခေါ်မှုအရဂျာမဏ်ီနိုင်ငံသို့ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့်သွားရောက်ခဲ့သည်။ဂျာမဏ်ီအခြေစိုက်၎င်းဖောင်ဒေးရှင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါက်တာလှမြတ်သွေးနှင့်ဦးမင်းဦး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဝင်းဦး၊ ဦးဝင်းသန့် နှင့် ဦးအေးမောင်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအိုက်ပေါင်တို့ကို လေ့လာရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “ဂျာမဏီနိုင်ငံရဲ့အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေကိုလေ့လာကြမယ်။ လေ့လာရေးခရီးက
တော့ သူတို့တွေစီစဉ်တဲ့ Schdule အတိုင်းပဲ”ဟုဒေါက်တာအေးမောင်ကပြောသည်။ ယင်းလ့လာရေးခရီးစဉ်မှာ ၉ ရက် ကြာမြင့်မည်ဖြစ်သည်။
 
 မြတ်လေးငုံ(Blog)

No comments:

Post a Comment

My Blog List