Sunday, April 29, 2012

NLD ပါတီနာယကအဖွဲ့ဝင် ဦးတင်ဦးမှ ကရင်ပြည်နယ်သို့သွားရောက်

 ဧပြီလ ၂၆ ရက်နေ့မနက်မှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေရွာမှာရှိတဲ့ NLD   ပါတီ ရုံးခန်း ဖွင့်ပွဲအခမ်းနားကို NLD ပါတီနာယကအဖွဲ့ဝင် ဦးတင်ဦးနှင့်အဖွဲ့ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်၊
နေ့လည်မှာတော့ မုပ္ပလင်ကျေးရွာရှိပါတီဝင် ၂၀ ဦးခန့် နှင့် တွေဆုံ ခဲ့ပါတယ်ပြီးတော့ အင်္ဂပူကျေးရွာမှာရှိတဲါ့ NLD ပါတီရုံးခန်းဖွင့်ပွဲ အခမ်းနားကို တက်ရောက်ခဲ့ပါတယ် ကျိုက်ထိုမြို့နယ်မှာရှိတဲ့ NLD ပါတီရုံးကိုလည်းနေ့လည် ၁ နာရီခွဲလောက်မှာ ရောက်ရှိပြီး ပါတီဝင် ၁၀၀ လောက်နှင့်တွေ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း ပြောခဲ့တယ်လို့သိရပါတယ်၊ သထုံမြို့ရှိ NLD ပါတီဥက္ကဌ ဦးစိုးမြင့်၊ ပါတီဝင် ဒေါ်ဆန်းမြင့်တို့အပါအ၀င်  ပါတီဝင် ၇၀ ဦလောက်နှင့် တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်၊ အဲဒီညမှာတော့ ဘားအံမြိွုဲ့ကပင် ဟိုတယ်သို့ မှာတည်ခိုခဲ့ပါတယ်။
အေပြီ ၂၇ ရက်နေ မနက်ပိုင်းမှာ NLD နာယကအဖွဲ့ဝင် ဦးတင်ဦးနှင့်အဖွဲ့ဟာ ကရင်ပြည်နယ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့်နဲ့အတူ ဇွဲကပင်ဟိုတယ်ကနေ လှိုင်းဘွဲ့မြို့၊ (၈)ရပ်ကွက်မှာနေတဲ့ ဦးချစ်တင်အိမ်ကိုရောက်လာပြီး NLD ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖွင့်ပွဲမှာ ဦးတင်ဦးက  ပြည်သူပြည်သားများ အကြောက်လွန်းဘေးမှ ကင်းစင်အောင် ပြုလုပ်ပေးသွားမည့်အကြောင်း၊ လွတ်လပ်သည့်တရားရေးမဏ္ဍိုင်၊ တရားသူကြီးများဖြစ်အောင် ဆောင်ရွက်ပေးသွားမည့်အကြောင်း၊ မတရားခိုင်းစေမှု ပပျောက်စေရေးအား ထိရောက်စွား ဆောင်ရွက်သွားမည့်အကြောင်း၊ အီလက်ထရောနစ်ဥပဒေကိုလည်း ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာလည်း ပါဝင်ကူညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားပြီး ဒေသခံများအနေဖြင့်လည်း ဒီမိုကရေစီအရေးကို ၀ိုင်းဝန်းပံ့ပိုးပေးကြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နေ့လည်ပိုင်းမှာ ဦးတင်ဦးနဲ့အဖွဲ့ဟာ ဘားအံမြို့NLD ပါတီရုံးကို ရောက်ရှိလားပြီးတော့ ကရင်ပြည်နယ်အတွင်းရှိ NLDပါတီ စည်းရုံးရေးမှူးများအားတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ညနေပိုင်းမှာတော့ ဇွဲကပင်တောင်ခြေ လုမ္ဗနီဥယျာဉ်နှင့် ကျောက္ကလာပ်စေတီကို ရောက်ခဲ့ပြီး ညမှာတော့ ဇွဲကပင်ဟိုတယ်မှာတည်းခိုခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment

My Blog List