Monday, April 30, 2012

သမဂ္ဂ အစား အဖွဲ့ လို့သုံးစွဲခေါ်ဝေါ်ရန် အသင်းအဖွဲ့(၈)ဖွဲ့ထံ အသိပေးအကြောင်းကြား



(NLD) ပါတီက ဦးသိန်းမောင် ပြောကြားသည်မှာ သမဂ္ဂ အစား အဖွဲ့ ဟုသာ သုံးစွဲရန်အတွက် အသင်းအဖွဲ့(၈)ဖွဲ့ဆီကို အသိပေး အကြောင်းကြားခဲ့ကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနက အသင်းအဖွဲ့များ
ဖွဲ့စည်းထူထောင်ရာမှာ သမဂ္ဂ အသုံးအနှုန်းအစား အဖွဲ့ လို့ အကြောင်းကြားခြင်းနဲ့ ပတ်သတ်ပြီးတော့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက မျိုးမင်းသိန်းနဲ့ မမိုးဝေတို့ ခေါင်းဆောင်တဲ့ အခြေခံ အလုပ်သမားသမဂ္ဂ(ယာယီ)ကို လွတ်လပ်တဲ့ အခြေခံအလုပ်သမားအဖွဲ့ လို့ပြောင်းလဲဖို့ စီစဉ်နေကြောင်းနဲ့ အဲဒီအဖွဲ့မှာ ဦးစိုးသိမ်း နဲ့ ဦးလှမြင့်(ရေနံချောင်း) တို့ ဦးစီးတဲ့ ရေနံမြေ အလုပ်သမား သမဂ္ဂ၊ ဦးကျော်ဝင်း (မန္တလေး) ဦးစီးတဲ့ အထက်မြန်မာပြည် အလုပ်သမားသမဂ္ဂ၊ ဦးထွန်းမြင့်နဲ့ ဦးကြည်ဝင်း (သာယာဝတီ)တို့ ခေါင်းဆောင်တဲ့ တောင်သူလယ်သမားများသမဂ္ဂ (သာယာဝတီခရိုင်)၊ ရှေ့နေဖိုးဖြူ ဦးစီးတဲ့ အလုပ်သမား/ လယ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအဖွဲ့၊ ဦးဝင်းညွန့် (ဘိုကလေး) ဦးစီးတဲ့ လယ်သမားသမဂ္ဂ (ဧရာဝတီတိုင်း)၊ ဦးခင်မောင်ဌေးနဲ့ ဦးသိန်းဦး (ပဲခူး)တို့ ဦးစီးတဲ့ အလုပ်သမား/ လယ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအဖွဲ့(ပဲခူးတိုင်း)၊ ဦးအောင်ကျော်ထွန်း (စစ်တွေ) ဦးစီးတဲ့ အလုပ်သမားသမဂ္ဂ(ရခိုင်ပြည်နယ်) တို့အားလည်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List