Thursday, May 03, 2012

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်

ပြီးခဲ့တဲ့ဧပြီလ၂၆ရက်နေ့ကမကွေးတိုင်းနတ်မောက်မြိုနယ်ဖုန်းတော်ပြည့် ကျေးရွာအုပ်စုမှာအမျိုးသားဒီမိုကရေအဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်းအနားတခုပြုလုပ်ခဲ့ပါတယ်။

နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာအဖွဲ့ ချုပ်ရုံးတွေဖွင့်လှစ်ခဲ့တဲ့ နေရာမှာကျေးရွာအုပ်စု(၇)စုမြောက်မှာအခုတကြိမ်ဖွင့်လှစ်တဲ့ အဖွဲ့ ချုပ်ရုံးရဲ့ ထူးခြားမှုကတော့ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုဦးနေအောင်နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပြီး ရုံးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။

မြို့ နယ်ကနေသွားရောက်တဲ့အဖွဲ့ ချုပ်ဝင်တွေကိုလည်းရွာခံလူငယ်များကအလံဝှေ့ ရမ်းကြိုဆိုခြင်း၊အမျိုးသမီးအဖွဲ့ များမှ ပန်းကုန်းများစွပ်ကြိုဆိုခြင်းများပြုလုပ်ခဲ့ပါတယ်။

နံနက်(၉)နာရီမှာစတင်တဲ့အခမ်းအနားမှာ မြို့ နယ်အဖွဲ့ ချုပ်မှဦးအောင်တင်လင်း၊ဦးအောင်မြင့်သိန်းနှင့်ကျေးရွာမှဦးတင်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
NLDအဖွဲ့ဝင်ဦးချစ်ကိုကိုမှဒီမိုကရေစိအကြောင်းသိကောင်းစရာများ၊ပြင်ဆင်စရာလိုအပ်သည့်တဖက်သတ်ရေးဆွဲအတည်ပြုထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပါအချက်အချို့ကိုဟောပြောခဲ့ပါတယ်။

ကျေးရွာမှလူငယ်များ၊ကလေးများကလည်းကဗျာရွတ်ဆိုဖျော်ဖြေခဲ့ကြပါပြီးကျေးရွာများမှပြည်သူလူထု(၅၀၀)ကျော်တက်ရောက်ကြောင်း နတ်မောက်မြိုနယ် NLD မှ ဒေါက်တာခင်မောင်အေး က သတင်းပေးပို့ ထားပါတယ်။

Myanmar News Now






သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List