Tuesday, May 01, 2012

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းသည် မေလ၁ရက်နေ့နံနက်ပိုင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားတက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပြီးနောက်ဘန်ကီမွန်းကသတင်းထောက်များနှင့် တွေ့ဆုံပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ၎င်းအနေဖြင့်အားရကျေနပ်ကြောင်း၊ကုလသမဂ္ဂအနေဖြင့်ဆက်လက်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျှက်ရှိကြောင်းတို့ကို ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂသို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် သွားချင်စိတ်ရှိကြောင်းနှင့် ဆွေးနွေးပြီးနောက် အချိန်ကျလျှင် အကြောင်းပြန်ပါမည့်အကြောင်း ပြန်ကြားခဲ့သည်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List