Monday, April 30, 2012

တရားစီရင်ရေးဆိုင်ရာစောင့်ကြည့်လေ့လာသူများအဖွဲ့(မြန်မာနိုင်ငံ) ဖွဲ့စည်းမည်





မြောက်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှမင်း ပြောကြားသည်မှာ NLD ရှေ့နေကွန်ယက် ခါင်းဆောင် ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်းတို့ ခေါင်းဆောင်ပြီးတော့ ပြည်တွင်း/ပြည်ပ ဒီမိုကရေစီရေး
ကြိုးပမ်းသူရှေ့နေနဲ့ ဥပဒေရှင် (၉) ဦးပါဝင်တဲ့ တရားစီရင်ရေးဆိုင်ရာ စောင့်ကြည့် လေ့လာသူများအဖွဲ့ (မြန်မာနိုင်ငံ)ကို ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း နဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးလာဖို့ ၊ မှန်ကန် မျှတ လွပ်လပ်တဲ့ တရားစီရင်ရေးပုံစံ ပေါ်ပေါက်လာဖို့၊ တရားရုံးတွေမှာ အဂတိ လိုက်စားမှု ကြီးထွားနေတာတွေ၊ တရားသူကြီးတွေရဲ့ လွပ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် စတာတွေ အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းမှာ ဖစ်ကြောင်း နဲ့အဲဒီအဖွဲ့ကို ပြည်တွင်းက ဦးအောင်သိန်း၊ဦးခင်မောင်ရှိန်၊ဦးခင်မောင်မြင့်၊ဦးသန်းထွန်းအောင် (အလုံ)၊ ဦးမြ၀င်း(မြောက်ဒဂုံ)၊ ဦးကျော်ဝင်းသိန်း(သင်္ဃန်းကျွန်း) နဲ့ ပြည်ပက ရှေ့နေတွေ ဖြစ်တဲ့ ဦးအောင်ထူး၊ ဦးမင်းလွင်ဦး၊ ဦးသိန်းစိုးတို့ ပါဝင်ပြီး ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

No comments:

Post a Comment

My Blog List