Friday, May 04, 2012

တရားရေးမဏ္ဍိုင်မှန်ကန်ဖို့ Check and Balance လုပ်ကြစို့

အသွားမတော်တစ်လှမ်းလို့ဆိုရပါမယ်၊ ကော့သောင်းခမောက်ကြီးဆိပ်ဖူးကျေးရွာကဆိုင်ကယ်သမားလူငယ်တစ်ဦးဟာဆိပ်ဖူးကနေ အေးချမ်းသာကျေးရွာကိုဆိုင်ကယ်နဲ့သွားပါတယ်။
လမ်းပေါ်မှာ ဆိုင်ကယ်သမားရဲ့ တူတော်သူ တစ်ဦးနဲ့ ရဲသတင်းတပ်ဖွဲ့က တပ်သားနေစိုးဦးတို့ တစ်ယောက်တစ်ခွန်း စကားများ အော်ဟစ်နေတာတွေ့ရတော့ အဲဒီ ဆိုင်ကယ်သမားဟာ သွားရောက်ပြီး ဖျန်ဖြေပေးပါတယ်။

အဲဒီလိုသွားရောက်ဖျန်ဖြေပေးတဲ့ ဆိုင်ကယ်သမားရော၊ သူ့တူတော်စပ်သူတစ်ဦးပေါင်း(၂)ဦးကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ၃၃၃နဲ့ တရားစွဲဆို အရေးယူပါတယ်။ အခင်းဖြစ်ပွားတဲ့ရဲသတင်းတပ်ဖွဲ့က တပ်သားနေစိုးဦးဟာ ဒီတောလမ်းမှာ ဘယ်လိုတာဝန်များ လာရောက် ထမ်းဆောင်သလဲ ဆိုတာ စုံစမ်းကြည့်လိုက်တော့ တဘက်နိုင်ငံကို သွားမဲ့သူ(ဘော်လုံး)တွေဆီက လိုင်းကြေး လာကောက်နေတာလို့ သိရပါတယ်၊ တာဝန် အလွန် ကျေပြွန်တဲ့ အဲဒီရဲသတင်း တပ်ဖွဲ့တပ်သားနေစိုးဦးက အကျင့်ပျက်ဝန်ထမ်းဆိုး တစ်ဦးပါ။

လက်ထပ်ခွင့်မတင်၊ တရားဝင် လက်ထပ်မယူဘဲ မာရမ်းကျေးရွာက ကလေးနှစ်ယောက်အမေနှင့် တိတ်တိတ်ပုန်း ညားနေတာအခုဆိုသူနဲ့ ကလေးတစ်ယောက်တောင် ထွန်းကားနေပါပြီ။

အဲဒီအမှုဖြစ်စဉ်မှာပုဒ်မ၃၃၃ကို ပြောင်းပေးဖို့ အတွက် ကော့သောင်းမြို့နယ် ဥပဒေအရာရှိ ဦးကျော်ဝင်းကို ငွေနှစ်သိန်းပေးလိုက်တော့မှ ပုဒ်မ၃၃၂ကို ပြောင်းပေးပါတယ်တဲ့။

ဘာအပြစ်မှမရှိပေမဲ့လည်းအမှုအခင်းဖြစ်ပြီ ဆိုတော့လည်း ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ဖြေရှင်းရတဲ့ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ဘ၀တွေဟာ ဂရုဏာသက်စရာ၊ စိတ်မကောင်းစရာပါပဲ့။

ဥပဒေအရာရှိကိစ္စလည်းငြိမ်းရော၊ တရားသူကြီးမမက တစ်စခန်းထလာပါတယ်၊ ထောင်ချလိုက်မယ်…ဘာညာသာရကာပေါ့၊ တရားသူကြီးမမကလည်းတော်တော်ကို နာမည်ကြီးပါတယ်။

ငွေပေးရင်ပေး မပေးရင် တရားခံတော့ အိမ်ပြန်မရောက်စေရဘူး၊ ထီးပဲ အိမ်ပြန်သွားရမယ် ဆိုတဲ့ ထီးပြန် တရားသူကြီး မမ ဒေါ်သင်းသင်းချို ပါ။ သူမက နောက်ခံ တော်တော်ကို ကောင်းပါတယ်၊ ။

သူ့အမျိုးသားကတော့ ကော့သောင်းခ.ယ.ကမှာ ခရိုင်အုပ်ချုပ်ရေးမှုး လုပ်သွားပြီး အခု စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူးလုပ်နေတဲ့ ဦးမြင့်ဝေပါ။ ခင်ပွန်းနဲ့မောင်တစ်ရွာ မယ်တစ်မြို့ဖြစ်နေပါသော်လည်း ရေလျှံနေတဲ့အတွက်ကော့သောင်းက မခွာဘဲ ကျောက်ချထားတဲ့ ၀န်ထမ်းပါ။

အဲဒီ တရားသူကြီးမမဆီကိုတော့ တရားရုံးက အမှုပွဲစား စာရေးကြီး ဦးမင်းမင်းထွန်းရဲ့ ဆက်သွယ်ပေးမှုနဲ့ ငွေတစ်ဆယ့်တစ်သိန်း ရှာကြံပြီး ပေးလိုက်ရပါတယ်။

ငွေလည်း ပေးပြီးရော အခုတော့ထောင်တွေ၊ အချုပ်တွေကလွဲလို့  လွတ်သွားပါတော့တယ်၊ ငွေ မပေးနိုင်တဲ့ သူ့ညီကတော့ထောင်ကျသွားပါတယ်။

ဝန်ထမ်းဆိုးတွေ နှိပ်စက်လို့၊ မတရားလုပ်လို့ အပြစ်မရှိဘဲ ထောင်ထဲ ရောက်ခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေလဲ များလှပါပြီ၊ တရားရေး မဏ္ဍိုင်တော် တည့်မှတ်မှန်ကန်ဖို့ Check and ballance လုပ်ကြပါအုံးသက်ဆိုင်ရာတို့၊ လူကြီးမင်းတို့မှ Checkandballance မလုပ်ရင်၊ ပြည်သူလူထု ထောင်ကျရင်ကျ၊ မကျရင်ပြာကျဖို့ပဲ ရှိတော့တယ်၊ အောက်ခြေ တရားရုးံများရဲ့ အဂတိ လိုက်စားမှုများကလည်း ကိုရီးယားကားရဲ့ဇာတ်လမ်းတွဲများလိုပါပဲ အလျင်းသင့်လျင် ဆက်လက်ဖေါ်ပြသွားပါမယ်။


မရှိကျောမွဲပြည်သူများအတွက် တရားရေးမဏ္ဍိုင် အမြန်ဆုးံတည့်မတ် နိုင်ပါစေ။

ကော့သောင်းသားလေး

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List