Monday, November 11, 2013

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေ


Monday, 11 November 2013
 
(နေပြည်တော်) မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအတွက် ကြိုတင် သရုပ်ဖော်လေ့ကျင့်မှုများကို နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသ္ဓိဘောလုံးကွင်းအတွင်း  စတင်လေ့ကျင့်မှုများပြုလုပ်နေပြီ ဖြစ်သည်။
“ မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းမှာ တရုတ်က နည်းပညာအကူအညီပဲ ယူထားတာပါ။ အစီအစဉ်တွေအားလုံးကို တစ်ခုခြင်းစီ လေ့ကျင့်သွားမှာပါ သူ့အပိုင်းနဲ့သူပေါ့။ အက သရုပ်ဖော်တာတွေနဲ့ ကျန်တာတွေအားလုံးကို မြန်မာမှု မြန်မာ့ဟန်နဲ့ ပေါ်လွင်အောင် ဆောင်ရွက်ထားပါတယ်” ဟု အနုပညာဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှုး ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ကလေးငယ် ၈၀၀၀ ကျော်တို့က ပါဝင်သရုပ်ဖော် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကျောင်းသား/သူ လူငယ်များ ပါဝင်သရုပ်ပြ ဖျော်ဖြေကြမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး နှစ်ရက်အတွင်း ကျပ် ၄,၀၀၀ကျော် ဈေးကျဆင်း

Monday, 11 November 2013 

Gold
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ အကျဘက်သို့ ဦးတည်နေသည့် ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၆၈၅,၂၀၀ ဈေးမှ ၁၀ ရက်တွင် ကျပ် ၆၈၀,၇၀၀ ဈေးသို့ ကျပ် ၄၀၀၀ ကျော်ကျဆင်းသွား ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
နိုဝင်ဘာလ ၁ ရက်တွင် ရွှေဈေး ကျပ် ၆၈၇,၀၀၀ ဈေးရှိရာမှ ကမ္ဘာ့ရွှေဈေး ပြန်ကျဆင်းခြင်းကြောင့် ပြည် တွင်းဈေးပါ တဖြည်းဖြည်း ဈေးကျဆင်းနေပြီး ၁၀ ရက်အတွင်း ကျပ် ၇၀၀၀ နီးပါး ဈေးကျဆင်းလာခြင်း ဖြစ်သည်။
အောင်သမာဓိရွှေဆိုင် (မန္တလေး ပင်ရင်း) ၏ တာဝန်ခံ ဦးမော်က “ကမ္ဘာ့ရွှေဈေး ထိုးကျနေတာကြောင့် ပြည်တွင်းရွှေဈေးက ကျလာတယ်၊ ပုံမှန်ဆိုရင်တော့ ဒီဇင်ဘာလောက်ဆို ရွှေဈေးတက်လေ့ရှိတယ်၊ ဒါပေ မဲ့ အမေရိကန်ကလည်း စီးပွားရေးပြန်ကောင်းလာတာကြောင့် ရွှေဈေးက ခန့်မှန်းရခက်တယ်၊ (ကန်) ဒေါ် လာဈေးက ပြန်မာနေတယ်” ဟု ပြောသည်။
အောက်တိုဘာ ၃၁ တွင် ကျပ် ၆၉၁,၀၀၀ ဈေးရှိရာမှ နိုဝင်ဘာလဆန်း နောက်ပိုင်းတွင် ရွှေဈေးကျပ် ၆၉၀,၀၀၀ ဈေးအောက်သို့ ပြန်ရောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ရုတ်တရုတ် ကျဆင်းခြင်း ကြောင့် ၁၀ ရက်အတွင်း ရွှေဈေးကျပ် ၇၀၀၀ ကျော် ဈေးကျလာသည်။

Mizzima

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး ပူပန်ရန်မလိုဟု ဦးအောင်မင်း ဆို

Monday, 11 November 2013

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ပြင်ဆင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော်ဖြစ်ရေးတို့အတွက် စိုးရိမ်ရန် မလိုဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ အခုလက်ရှိ ဦးတည် ဆွေးနွေးနေတဲ့အထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဆိုတာ ပါပြီးသားပါ။ ဖက်ဒရယ်ပြည်ထောင်စုဆိုမှတော့ သူနဲ့ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြည် ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ ဆိုတာတွေက ဖြစ်လာမှာပါ။ အဓိကက ဖက်ဒရယ်ကို ရည်ညွှန်း တာဖြစ်လို့ ဘာမှ အခက်အခဲမဖြစ်ပါဘူး။ ဘာမှ စိုးရိမ်စရာမဖြစ်ပါဘူး”ဟု ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ဂေဟာတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာ ၁၀ ရက်က ပြောကြားသည်။
ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများကို အောင်မြင်သည်ဟု ရှုမြင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်သည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။ ထို့ပြင် နိုင် ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်

လွှတ်တော်အမတ်များ တင်ပြသည့် အဆိုကို ပါတီစွဲမထားဘဲ နိုင်ငံအကျိုးကို ကြည့်၍ ဆောင်ရွက်နေဟု သူရဦးရွှေမန်း ပြောကြား

Monday, 11 November 2013 

00000001Shwe-Mann-meets-with-Mandalay-Government-3
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုဝင်ဘာလ ၉ရက် မွန်းလွဲ ၁နာရီတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ ခန်းမ၌ တိုင်းလွှတ်တော် ကိုယ်စားလှယ် များ နိုင်ငံရေးပါတီများ၊ မြို့ရွာအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့များနှင့် တွေ့ဆုံခဲ့စဉ်။
လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်  ပြောကြားခဲ့သည်။
"လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပါတီစွဲ ဝါဒစွဲ လူမျိုးစွဲ ဒေသစွဲတွေ ကင်းရှင်းပြီး ပြည်သူ့အကျိုးအတွက် ဘယ်ပါတီကမဆို တင်ပြလာတဲ့ အဆိုတွေကိုလည်း နိုင်ငံအကျိုး ပြည်သူ့အကျိုး

နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို


Monday, 11 November 2013
 
 
မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
“၂၀၁၅ ခုနှစ်အထိကို ကျွန်တော်တို့ တွက်လိုက်ရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီး အပြည့်အ၀ပေးဖို့ မဂ္ဂါဝပ် ၄,၀၀၀ လောက်လိုနေတယ်၊ ကျွန်တော်တို့ပေးနိုင်မှာက ၁,၅၀၀ မဂ္ဂါဝပ်ပဲ၊ အဲ့ဒီ လိုနေတာတွေကို ကျွန်တော်တို့ကိုယ်တိုင် လုပ်မယ်ဆိုရင်လည်း ဒေါ်လာက သန်းပေါင်း ၁,၅၀၀လောက် လိုနေတယ်”ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှုပမာဏသည် ၂၀၁၁ ခုနှစ်တွင် ၁၄၂၀ မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအ

အာဆီယံစီးပွားရေးအသိုက်အ၀န်း လုပ်ငန်းစဉ်အချို့ ၂၀၁၅ ခုနှစ်မကုန်မီတွင် ပြီးစီးရန်မဖြစ်နိုင်သေး

 Asean
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတွင် လမ်းပျက်စီးမှုကြောင့် ယာဉ်သွားလာမှုခက်ခဲနေသည်ကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ကုန်သွယ်ရေးတွင် လမ်းတံတားများသည် အဓိကကျသော အခြေခံအဆောက်အဦတွင်ပါဝင်သည်။  (ဓာတ်ပုံ - တိုးကြီး)
အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) တည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ မြန်မာနိုင်ငံကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက် အချို့လုပ်ငန်းရပ်များမှာ မဖြစ်နိုင်သေး ကြောင်း National AFTA  Unit တွင် ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားညွှန်ကြားရေး မှူး ဒေါ်တင်တင်ထွေးက နိုဝင်ဘာ ၉ ရက် အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် အာဆီယံစီးပွားရေး ဆွေးနွေးပွဲတွင် ပြောသည်။
မြန်မာနိုင်ငံသည် ပြတင်းတစ်ပေါက်စနစ် (National Single Window) ဟုခေါ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အကောက်ခွန်ပေါင်းစည်းမှုစနစ်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာရန် တည်ဆောက်ခြင်း၊ လွတ်လပ်စွာ ငွေကြေးစီးဆင်းမှုဖြစ်ပေါ်လာရန်ဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်ဆောင်ရွက်ခြင်းနှင့် ကုန်စည်များစီးဆင်းရာတွင် အကောက်ခွန်မဟုတ်သည့်

ပညာရှင်ကို နေရာမှန်ပေးပါ




(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))

ပညာရှင်
ပညာရှိ၊ ပညာရှင်၊ ပညာတတ်၊ ပညာကျော်၊ ပညာသည်၊ ပညာသင်စတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရများ ကွဲပြားနေသလို လူပုဂ္ဂိုလ်များရဲ့ အရည်အချင်း၊ ရပ်တည်ချက်တွေလည်း အနည်းနဲ့အများ ကွဲပြားနေပါတယ်။
ပညာဆိုသော စကားလုံးကို လက်လှမ်းမီသရွေ့ တင်ပြပါမယ်။ knowledge, learning, education, schooling, skill, craft လို့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဗဟုသုတ ကြွယ်ခြင်း၊ သင်ယူတတ်မြောက်ခြင်း၊ ကျောင်းစာပေ၊ ကျွမ်းကျင်မှု၊ လက်မှုအတတ်လို့ ဆိုလိုပါတယ်။ အခြားဖွင့်ဆိုချက်က ပညာဆိုတာ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ အသိ၊ အတတ်လို့ ဆိုပါတယ်။
ဆိုတော့ ပညာရှိ (Man of wisdom, sage, savant) ဆိုတာ အတတ်တွေ ကျွမ်းကျင်တတ်မြောက် ရုံသာမက အမှားအမှန် ခွဲခြားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမှာပါ။ လက်ရှိပညာရှိ (မိမိကိုယ်မိမိ ပညာရှိလို့ သတ်မှတ်ထားသူများ) များ အမှန်တကယ် အမှားအမှန်ကို ခွဲခြားသိမြင်သလို အမှန်ဘက်မှ ရဲရင့်တည်ကြည်စွာ ရပ်တည်ပေးပါရဲ့လား။ ရပ်တည်ရဲပါရဲ့လား၊ ရပ်တည်နေပါသလား။
ပညာရှင် (scholar in a particular branch of knowledge or study, skilled practition) ပညာရပ်တစ်ခု တတ်မြောက်ပြီး အဲဒီပညာရပ်နဲ့ ဘ၀ရပ်တည်ရေးအတွက်

"အစိုးရနဲ့ ကိုယ်တိုင်ပဲ ညှိနိုင်းဆောင်ရွက်ပြီး ဖြစ်မြောက်အောင် လုပ်သွားဖို့ ရှိတယ်" ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးဆိုင်ပေါင်းနပ်




Voice : မြစ်ကြီးနားနဲ့ လိုင်ဇာမှာ ပြုလုပ်သွားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး ကွန့်ဖရင့်နဲ့ ပတ်သက်ပြီး ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။
SPN : အနေအထားကတော့ အစိုးရနဲ့ ဆွေးနွေပြီးပြီ၊ နေပြည်တော်မှာ ပြန်ဆုံဖို့ပဲ ကျန်တော့တယ်။ ပြန်ပြီး ဖိတ်ခေါ်မှပဲ ဆွေးနွေးမှာပေါ့၊ ဒါပါပဲ။
Voice : အခု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အစိုးရတို့ ဆွေးနွေးခဲ့တဲ့ အပိုင်းကိုရော ဘယ်လို မြင်မိလဲ။
SPN : အခု ဆွေးနွေးနေတဲ့ အပိုင်းက နှစ်ဦး နှစ်ဖက်လုံးကနေ တော်တော်လေး လုပ်ဆောင်ပေးမှပဲ မတူကွဲပြားတဲ့ အချက်တွေကို ညှိလို့ရမယ် ထင်ပါတယ်။
Voice : လိုင်ဇာ ညီလာခံကို လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံး တက်ခဲ့တယ်။ အန်ကယ်တို့ ‘ဝ’ က ဆွေးနွေးပွဲကို မတက်ရောက်ခဲ့ဘူး။ ဘာကြောင့် မတက်ဖြစ်လဲဆိုတာ ပြောပြ ပေးနိုင်မလား။
SPN : မတက်ရောက်နိုင်တာက UWSA နဲ့ မိုင်းလားပဲ မဟုတ်ဘူး ထင်တယ်။ ကျန်တာ နည်းနည်းပါးပါးတော့ ရှိတော့ ရှိမှာပေါ့။ မတက်ရောက်နိုင်တဲ့ ‘ဝ’ အပိုင်းက သူတို့ဒီလို တောင်းဆိုချက်တွေ အတိုင်း သိပ်တူမှာ မဟုတ်ဘူးလေ။ အချို့ အချက်တွေကတော့ တူချင် တူမှာပေါ့။
Voice : ‘ဝ’ နဲ့ မိုင်းလားကို တရုတ် အစိုးရက မတက်ခိုင်းဘူးလို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော အန်ကယ်တို့ ဘာပြောချင်လဲ ခင်ဗျ။

မိုးစက်ဝိုင် ဘာဆု ရခဲ့သလဲ


မြန်မာနိုင်ငံ အနေနဲ့ နှစ်ပေါင်း ငါးဆယ် ကာလအတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်ပါဝင်ဆင်နွဲခွင့်ရခဲ့တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှာ ကြီးမှူးကျင်းပတဲ့ Miss Universe 2013 ပြိုင်ပွဲကြီး က  နိုဝင်ဘာ ၉ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲကို မြန်မာ နိုင်ငံကိုယ်စားပြု ပြိုင်တဲ့ မြန်မာ့ မိုးစက်ဝိုင် ကို မြန်မာ အများစုက ဆုအမျိုးအမျိုးတွက် မှန်းထားခဲ့ကြသလို ၊ သူမ ကိုယ်တိုင်လည်း ယုံကြည်မှု အပြည့် ၊ နိုင်ငံချစ်တဲ့ အပြည်နဲ့ကိုယ်စားပြု ၀င်ပြိုင်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ဒီပွဲမှာ မိုးစက်ဝိုင် ဘာတွေလုပ်ခဲ့လဲ ဘာ ဆုတွေ ရခဲ့လဲ ။
Miss Universe 2013 မှာ မြန်မာကိုယ်စားပြုမယ် မိုးစက်ဝိုင် ဘာဆုတွေ ရခဲ့သလဲဆိုရင်တော့ ဘာဆုမှ မရခဲ့ပါဘူး။ဒီအတွက် လည်း မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေနဲ့ နိုင်ငံအတွက် ဂုဏ်ထူးဆောင် ဖို့ သွားခဲ့တဲ့ သူအတွက် စိတ်အားပျက်စရာ ဆိုပေမယ့် ဒါဟာ ပြိုင်ပွဲ တစ်ခု ရဲ့ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာ ဖြစ်သလို နိုင်ခြင်းရှုံးခြင်းဆိုတာဟာလည်း သဘာဝ အတိုင်းပဲမို့ ထူးပြီး မခံစားစေချင်ပါဘူး။လောကကြီးမှာ အကောင်း ၊ အဆိုးက အမြဲဒွန်တွဲနေတယ်ဆို အမှန်အကန်ဆုံးသော

တောင်ကြီးတန်ဆောင်တိုင် ဗုံးမကွဲရေး စစ်တပ်လုံခြုံရေးယူပေးမည်



ယနေ့စတင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ အကူအညီကိုရယူထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထူး၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကြီးရောက် People power သတင်းထောက် မင်းသူရ ကပေးပို့သည်။
ပြီးခဲ့သည့်လပိုင်းများက မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ကြောင့် လုံခြုံရေးနှစ်ဆ တိုးမြှင့်ခဲ့ပြီး စစ်တပ်၏ အကူအညီကို ရယူထားကြောင်း ဒုတိယရဲမှူး ကြီးမြင့် ထူးက ပြောကြားသည်။
ပွဲတော်လုံခြုံရေး အတွက် ရဲတပ်ဖွဲ့၏အင်အား ၁၀၀၀ဖြင့် တာဝန်ယူနေကြောင်း မြို့အဝင်ဂိတ်များတွင် ယခင်နှစ်များထက် လုံခြုံရေးကို တင်းကြပ်စွာပြုလုပ်နေပြီး စေ့စပ်သေချာစွာရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကြောင်း People power သတင်းထောက်က သတင်းပေးပို့သည်။

 
 Myanmar Express 

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် ၂၀၁၅ ရွေးကောက်ပွဲဝင်အရွေးခံ မခံကိစ္စ



လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပ မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

‘ဝင်အရွေးခံမယ်ဆိုတာ မဟုတ်ပါ ဘူး။ ကောလာဟလတွေပါ။ ဗိုလ်ချုပ်ကြီး အနေနဲ့ ခုအချိန်မှာတော့ ဘာသာရေး၊ လူမှုရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ လှူဒါန်းလုပ်ကိုင်နေတယ်။ ရွှေမှော်ဝန်းလို မျိုးပေါ့။ ပြီးတော့ သူ့ဘဝကို မိသားစုနဲ့ အတူ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေထိုင် သွားချင်တဲ့စိတ်ပဲ ရှိနေပါတယ် ဟု ဗိုလ် ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏တပည့်ဖြစ် သူ ဦးနေလင်းအောင်က NewsWatch သတင်းဂျာနယ်ကို ပြောသည်။
ဦးခင်ညွန့်ကို ကျောက်တန်းမြို့နယ် ပြည်သူတို့ အားပေးမှုအများအပြားရှိနေ သည့်အတွက်

မိုးပျံပူဖောင်းဖြင့် မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာအုပ်များ ချပေး

Monday, November 11, 2013

ခရစ်ယာန် သင်းအုပ်ဆရာတော်ဖိုလီးနှင့် ကိုလိုရာဒိုအခြေစိုက်အဖွဲ Seoul USA သည် လွန်ခဲ့သည့်ခုနစ်နှစ် ကတည်းက ပေ၄ဝရှည်သော မိုး ပျံပူဖောင်းများနှင့် သမ္မာကျမ်းစာ အုပ်များကို သယ်ဆောင်စေလျ က်ြေ မာက်ကိုရီးယားနိုင်ငံအတွင်းသို့ ချပေးနေခဲ့သည်။ မြောက်ကိုရီး ယားတွင် ခရစ်ယာဉ်ဘာသာကို ပိတ်ပင် ထားသည်။

ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ

Monday, November 11, 2013
မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ် တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။

လင်ကွန်းကိုလုပ်ကြံခဲ့သော တရားခံလေးဦး၏ ကြိုးပေးသည့်ဓာတ်ပုံများ လေလံတင်

Monday, November 11, 2013 

သမ္မတအေဗရာဟင်လင် ကွန်းအား ပူးပေါင်းလုပ်ကြံသတ် ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ လေးဦးကို ကြိုးပးစီရင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံလေး ပုံအား မယုံနိုင်ဖွယ်ရာပင် အမေ ရိကန်ဒေါ်လာ ၁၀၀၀၀ ဝနှင့် လေ လံတင်ရောင်းချခဲ့ကြောင်း သိရ သည်။

သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်း တင် ဓာတ်ပုံများကို ၁၈၆၅ခုနှစ် ဇူလိုင်ရရက်က ဝါရှင်တန်ဒီစီတွင် အလက်ဇန္ဒား ဂါနာဆိုသူက ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကြိုးစင်တစ်ဝိုက်တွင် စစ်သားများ၊ သတင်းထောက် များနှင့် မျက်မြင် သက်သေများစုဝေးနေပုံကို သရုပ် ဖော်ထားသော ထိုဓာတ်ပုံများအား ပထမဆုံးဖိုတို ဂျာန ယ်လစ်က နမူ နာများအဖြစ် ထည့်သွင်းထားခဲ့ သည့်ဓာတ်ပုံများလည်း ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှေ့နေများအသင်းဖွဲ့စည်း

Monday, November 11, 2013

တောင်ကြီးမြို့၊ ညောင်ရွှေဟော် ကုန်းရပ်ကွက်ရှိ န၀ရတ်ခန်းမတွင် နိုဝင်ဘာ ၉ ရက်က ရှမ်းပြည်နယ် (ေ တာင်ပိုင်း) ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပြီး မည်သည့်အသင်းအဖွဲ့ လက်အောက်ခံမဟုတ်ကြောင်း အသင်း၏ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းချမ်းက မဇ္ဈိမကို ပြောကြားလိုက်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွက်သာ ဖွဲ့စည်းထားနိုင်သေးပြီး လမ်းပန်းဆက်သွယ်ရေး၊ န ယ်မြေအခြေ အနေအစရှိသည်များကြောင့် ရှမ်းပြည် နယ်တစ်ခုလုံးရှိ ရှေ့နေများ ပါဝင်နိုင်သည့်အသ င်း ဖြ စ်ပေါ်လာစေရန် မစည်းရုံးနိုင်သေးဘဲ နောက်ပိုင်းတွင် ရှမ်းပြည်နယ် တစ်ခုလုံးကိုယ်စားပြုနိုင်ရန် အဆိုပါေ ရှ့နေအသင်းက မျှော်လင့်ထားသည်။

သုံးမရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု NLD နာယက ဦးဝင်းတင် ဝေဖန်

Monday, November 11, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးမရသည့် ဥပဒေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးဝ င်းတင်က ဝေဖန်လိုက်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံ အခြေခံ ဥ ပဒေ ဆန္ဒရယူပွဲတွင် အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေ ဒနှင့်ပတ်သက်၍ တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အများစုက ပြင်ဆင်ရန် သဘောထား ပေး ခဲ့ေ သ်ာလည်း ဦးဝင်းတင်ကမူ အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

အပယ်ခံ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင်

Monday, November 11, 2013 

ဒီကနေ့ ဟာ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားတဲ့ နေ့ အထိမ်းအမှတ် နေ့ အဖြစ် ကမ္ဘာတဝန်း ရှိ ဓနသဟာ ရ အဖွဲ့ဝင် နိုင်ငံတွေ မှာရော၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မှာပါ၊ စစ်ဖက် ဆိုင်ရာ တာဝန် ထမ်းဆော င် ယင်း ကျဆုံးသွားတဲ့ စစ်သည် ရဲဘော်တွေ အတွက် အမှတ်တရ နေ့ အဖြစ်၊ အလေးပြုတဲ့ အခန်းအနားေ တွ၊ ဆုတောင်းဝတ်ပြုပွဲ တွေ ကျင်းပ ကြပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံမှာတော့ မြန်မာ့ မြေပုံ ကို ကမ္ဘာ က အသိအမှတ် ပြုရလေအောင်၊ လွတ်လပ်ရေး တို က်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် သခင်လှကြိုင် အသက် ၉၃ နှစ် ဟာ ပဲခူးမြို့ တံတားထက် တောင်းရ မ်း စားသောက်နေရတဲ့ ဘဝ ရောက်နေရတာ ဟာ ရင်နာစရာ၊ ရှက်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဘွန်ဟွန် ပြည်နယ် မှ မွန်တိုင်းရင်းသား မင်းသိန်းဦး က ဘီဘီစီ ကို ပြော ပါတ ယ်။

ဦးခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေ

Monday, November 11, 2013

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေပေမယ့် အလဟဿဖြစ်နေ ဟန်တူပုံ ကို  The Wall Street Journal အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

 မြန်မာပြည်အရေးအရာတွေနဲ့ ပတ်သက်ရင် ဝါရင့်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့၊ စစ်အစိုးရရဲ့ထိပ်သီးခေါင်းေ ဆာင်ဖြစ် ခဲ့ဖူးသူတဦးရဲ့ရှုထောင့်ကနေ ပေးနိုင်တဲ့ အိုင်ဒီယာတွေ သူ့ဆီမှာ အသင့် ရှိမှာ သေချာပါတယ်။

Sunday, November 10, 2013

အလုပ်သမားသမဂ္ဂ ညီလာခံရလဒ် ပြည်သူ့လွှတ်တော်သို့ တင်မည်

Sunday, November 10, 2013 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်း ပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော် သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက် ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

နင်ဝင် နင်ထွက် ဖြစ်နေသော နိုင်/ ကျဉ်းများ

Sunday, November 10, 2013 
နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်အသီးသီး၌အကျဉ်း ကျနေသည့် လက်ကျန်အကျဉ်း သားများကို တစ်ယောက်မကျန် အမြန်ဆုံးလွှတ်ပေးရန်နှင့် ပုဒ်မ ၁၈ ကဲ့သို့ နိုင်ငံရေးပုဒ်မအသစ် ဖြင့် ဆက်လက် အပြစ် ဒဏ်ချနေ မှုများကိုပါရပ်တန့်ပေးရန်တောင်း ဆိုထားကြောင်းနိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော် မ တီမှ သတင်းရရှိသည်။

လယ်တီသိမ်တော်နှင့် စေတီမီတာ ၅၀၀ ပတ်လည်အကွာ မိုင်းမခွဲဟု တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီးဆို

 Sunday, November 10, 2013

မိုင်းဒဏ်ကြောင့် အက်ကြောင်းများ ထနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော လက်ပံတောင်းေ တာင် စီမံကိန်း နယ်မြေအတွင်းရှိ လယ်တီသိမ်တော်နှင့် စေတီ၏ မီတာ ၅၀၀ ပတ်လည်အကွာ အတွင်းတွ င် မိုင်းခွဲမှုများ ပြုလုပ်မည် မဟုတ်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောကြားခဲ့ကြောင်း ဝင်ရောက် ဖူးမြော်ခွင့် ရခဲ့သည့် စီမံကိန်း ဒေသခံများက ပြောကြား သည်။

ယနေ့နံနက်တွင် မဟာမုနိဘုရားကြီး မျက်လုံးတော်ပွင့်ဟု သတင်းများထွက်ပေါ်

 Sunday, November 10, 2013

ယနေ့မနက်တွင် မဟာမုနိဘုရားကြီးမျက်လုံးတော်ပွင့်ခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက်စာ မျက်နှာ များနှင့် ပြည်သူများကြားတွင် ကောလဟလများပျံ့နှံ့လျှက်ရှိရာ အတိကျမသိလိုက်ကြောင်းနှင့် မျက်မြင် သ က်သေမရှိကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။

၎င်းတို့ဂေါပကအဖွဲ့တာဝန်ယူသည့်နှစ်နှစ်အတွင်း ယခုဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဘူးခြင်းမရှိကြောင်း အဆို ပါဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်းက ပြောသည်။အတိကျမသိဘူး၊ မျက်မြင်သက်သေလည်းမရှိ ပါဘူးဟု ၄င်းက ဆိုသည်။

အစ္စလာမ်ဘာသာဝင် ရေသန့်စက်ရုံပိုင်ရှင်နှင့် ဗုဒ္ဓဘာသာ ဝန်ထမ်းများ ပူးပေါင်းကထိန်ခင်း

 Sunday, November 10, 2013 
ပဋိပက္ခများ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ စက်မှုဇုန် (၃) လမ်းရှိ နှင်းချိုရေသန့်စက်ရုံ တွင် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက အစ္စလာမ်ဘာသာဝင် ရေသန့်စက်ရုံပိုင်ရှင် နှင့် ဗုဒ္ဓဘာသာ ဝန်ထမ်းများ ပူးပေါင်း၍ က ထိန်အလှူပွဲ ကျင်းပခဲ့ကြောင်း ယင်းစက်ရုံ မန်နေဂျာ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သူ ဦးကျော်ဇင်က The V oice သို့ ပြောကြားသည်။

အဆိုပါ ကထိန်အလှူတွင် မိတ္ထီလာ မြို့နယ် မကျီးချောက် ကျေးရွာရှိ တပ်ကုန်းကျောင်း ဆရာတော် အရှ င်ခေမိန္ဒ အမှူးပြုသော သံဃာတော်ငါးပါးကို စက်ရုံသို့ ပင့်ဖိတ်၍ ပရိတ်တရားတော် နာယူခြင်း၊ ဆွမ်းကပ်ြ ခင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့တွင်းသို့ ကထိန်ပွဲ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စက်ရုံ လုပ်သားများ ထံမှ သိရသည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၁ သောင်းခန့် ရှိပြီ

Sunday, November 10, 2013

 
 
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ စူပါတိုက်ဖွန် မုန်တိုင်းကြောင့် အ နည်းဆုံး လူ ၁ သောင်းလောက် သေဆုံးသွားတယ်လို့ အဆင့်မြင့် အရာရှိတယောက်က ဒီနေ့ အတည်ပြု ပါတယ်။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လေ့ဒ်ခရိုင်မှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပျ က်စီးသွားပြီး ပင်လယ်ကမ်းရိုးတန်းက မြို့တွေနဲ့ ခရိုင်ရဲ့ မြို့တော် တက္ကလိုဘန်မြို့မှာ ရေကြီးပြီး ကျန်ရစ်ခဲ့ပါ တယ်။

မုန်တိုင်းကြောင့် ဆူနာမီနဲ့ တူတဲ့ ပင်လယ်ရေလှိုင်းတွေ မြင့်တက်ခဲ့ပြီး အိမ်တွေနဲ့ လူရာပေါင်းများစွာ နစ်မြှု ပ်သေဆုံးကုန်ပါတယ်။

3D ပရင်တာဖြင့် သေနတ်အစစ် ထုတ်နိုင်ပြီ

Sunday, November 10, 2013

 
 ကယ်လီဖိုးနီးယား အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး စမ်းသ ပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက် လာသည်။ 

ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခ တ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။

ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။ 

My Blog List