Tuesday, March 10, 2020

ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြောဆိုဆွေးနွေးခဲ့သည့်“ဘယ်လောက်ပဲအသက်သွေးချွေးတွေနဲ့” “အလင်းရောင်ပေးနေအုံးမှာပါပဲ”ဆိုသည့် စကားရပ်အပါအဝင် ကိုယ်စားလှယ် ၅ဦး၏ ပြောဆိုဆွေးနွေးချက်အချို့အား လွှတ်တော် မှတ်တမ်းမှနုတ်ပယ်

Image may contain: 9 people, people sitting, hat and eyeglasses

ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြောဆိုဆွေးနွေးခဲ့သည့်“ဘယ်လောက်ပဲအသက်သွေးချွေးတွေနဲ့” “အလင်းရောင်ပေးနေအုံးမှာပါပဲ”ဆိုသည့် စကားရပ်အပါအဝင် ကိုယ်စားလှယ် ၅ဦး၏ ပြောဆိုဆွေးနွေးချက်အချို့အား လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့ကြေညာသည်။

မတ်လ ၅ရက်နေ့က ဆွေးနွေးချက်ထဲမှ ဖြစ်ကြောင်းသိရသည်။
ဦးဖေသန်း မြေပုံမဲဆန္ဒနယ်၊ဦးသိမ်းဆွေ ဧရာဝတီမဲဆန္ဒနယ် အမှတ်(၁၁)၊ဦးမင်းဦး ပဲခူး မဲဆန္ဒနယ်အမှတ်(၆)၊တပ်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်၊ဦးရည်မွန်(ခ)မောင်တင်သစ် ပုဗ္ဗသီရိမဲဆန္ဒနယ် တို့၏ ပြောကြားချက်ထဲမှ အချို့ကို ဖြစ်သည်။
ကန့်ကွက်မှုရှိသည့်အတွက် ပြန်လည်စိစစ်ရာမှတဆင့် စည်းကမ်းချက်နှင့် မညီညွှတ်သည့်အတွက်ကြောင့်ဟု နာယက ကရှင်းပြသည်။
လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခံခဲ့ရသည့် စကားရပ်များမှာ ဦးဖေသန်းဆွေးနွေးချက်ထဲမှ“ရဲဘော်ရဲဘက်များဟု အစဉ် အဆက်မှတ်ယူခဲ့တဲ့ NLDဆိုတဲ့”စကားရပ်အပါအဝင် စကားရပ်အချို့၊ဦးသိမ်းဆွေ ဆွေးနွေးချက်ထဲမှ“ သြဇာလွှမ်းမိုးထားမှု”စသည့်စကားရပ်အချို့၊ဦးမင်းဦး ဆွေးနွေးချက်များထဲမှ “၊ပြည်သူ ၁၈သန်းနီးပါးရဲ့ ကိုယ်စားပြုမှု”အပါအဝင်စကားရပ်အချို့၊ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်၏“ ဘယ်လောက်ပဲ အသက်ချွေးတွေနဲ့----အလင်းရောင်ပေးနေအုံးမှာပဲ”ဆိုသည့်စကားရပ်အချို့၊ဦးရည်မွန်(ခ)မောင်တင်သစ်ဆွေးနွေးချက်ထဲမှ“ ငါတို့ပဲ တိုင်းပြည်ကိုချစ်တယ်”ဆိုသည့် စကားရပ်အပါအဝင် စကားရပ်အချို့ဖြစ်သည်ဟု သိရသည်။
ကိုမင်း/Myanmar Harp

2 comments:

  1. Water Hack Burns 2lb of Fat OVERNIGHT

    At least 160k men and women are utilizing a simple and secret "liquids hack" to drop 1-2 lbs each and every night as they sleep.

    It's easy and it works on everybody.

    This is how you can do it yourself:

    1) Grab a drinking glass and fill it half glass

    2) Proceed to follow this proven HACK

    and you'll become 1-2 lbs skinnier the next day!

    ReplyDelete
  2. Do this hack to drop 2lb of fat in 8 hours

    Over 160,000 men and women are hacking their diet with a easy and SECRET "liquids hack" to drop 2lbs each and every night in their sleep.

    It's proven and it works on anybody.

    Here are the easy steps for this hack:

    1) Grab a clear glass and fill it half full

    2) Then learn this crazy HACK

    and be 2lbs lighter the very next day!

    ReplyDelete

My Blog List