Tuesday, March 10, 2020

အင်အား ၅၀၀၀ ကျော် လာရောက်ဟု လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ကြသော်လည်း နေပြည်တော်ရောက် အမျိုးသားရေးလှုပ်ရှားသူ ၁၀၀ ကျော်ခန့် လွှတ်တော်နားပင် ကပ်ခွင့်မရဘဲ လှည့်ပြန်သွားရ


ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှုတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြောင်း ပြသရန် နေပြည်တော်သို့ လာရောက်ခဲ့ကြသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ခန့်မှာ လွှတ်တော်နားပင် ကပ်ခွင့်မရဘဲ လှည့်ပြန်သွားရကြောင်း သတင်းရရှိသည်။

"ကျမတို့ ဂိတ် ၄ ဂိတ်ကို သွားတယ်။ ဘယ်ဂိတ်ကမှ ဝင်ခွင့်မပေးဘူး။ အဲဒါနဲ့ နောက်ဆုံး သွားတဲ့ ဂိတ်နားမှာ ဓာတ်ပုံလေးတော့ ရိုက်ခွင့်ပေးတယ်။ အဲဒီမှာ လူစု ဓာတ်ပုံရိုက်ပြီး လှည့်ပြန်ခဲ့တယ်။ စုစုပေါင်းအင်အားက ၁၀၀ ကျော်လောက်တော့ရှိတယ်။ ကားတန်းနဲ့သွားတာပါ။ နေပြည်တော်ကလည်း အတော်ကျယ်တယ်။ လမ်းလျှောက်သွားလို့လည်း အဆင်မှ မပြေတာ" ဟု အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မူလက တစ်နိုင်ငံလုံး အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ထောင်ချီလာရောက်မည်ဟု မျှော်မှန်းခဲ့သော်လည်း ရာဂဏန်းသာရှိသည်ဟု သူက ဆက်လက်ပြောဆိုသည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ၏လူမှုကွန်ရက်စာမျက်နှာများတွင် အင်အား ၅၀၀၀ ကျော် လာရောက်ပူးပေါင်းမိပြီဟူသော သတင်းစကားများ ကြားသိမြင်တွေ့ရသော်လည်း လက်တွေ့တွင်မူ ရာဂဏန်းခန့်သာ လာရောက်ခဲ့သည်ကို မြင်တွေ့ရကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူတချို့ထံမှ သိရှိရသည်။
"ကိုယ့်အိမ်အလုပ်တွေနဲ့ မအားကြတာလည်း ပါမှာပါ။ လိုင်းပေါ်မှာတော့ ကျမတို့ကို အားလုံးက ထောက်ခံအားပေးပါတယ်။ နေပြည်တော်ဆိုတာ ဝေးလည်းဝေးတယ်။ ကုန်ကျစရိတ်လည်းရှိတယ်။ နောက်ပြီး ဖမ်းဆီးတာတွေ ရှိမလား ဒါတွေလည်း စိုးရိမ်မှုရှိတယ်" ဟု အဆိုပါ အမျိုးသားရေး တက်ကြွလှုပ်ရှားသူအမျိုးသမီးက ဆိုသည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူများသည် အစိမ်းရောင် တီရှပ်များ၊ တပ်မတော် တံဆိပ်ပါ စတစ်ကာတချို့ ဝတ်ဆင်၍ မော်တော်ယာဉ်စီးရေ ၃၀ ခန့်ဖြင့် နိုင်ငံတော်အလံငယ်များလွှင့်ထူ၍ နေပြည်တော် လွှတ်တော်ဝင်းသို့ ဝင်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

Khit Thit Media

1 comment:

  1. Let me tell you something...

    This may sound kind of weird, and maybe even kind of "supernatural"

    HOW would you like it if you could simply click "PLAY" to listen to a short, "musical tone"...

    And magically bring MORE MONEY into your LIFE??

    What I'm talking about is thousands... even MILLIONS of DOLLARS!!!

    Sound too EASY?? Think this couldn't possibly be for REAL???

    Well then, I'll be the one to tell you the news.

    Sometimes the most magical miracles in life are the easiest to RECEIVE!!!

    Honestly, I'm going to provide you with PROOF by allowing you to PLAY a REAL "miracle money tone" I developed...

    You simply hit "PLAY" and you will start having more money come into your life.. starting pretty much right away..

    CLICK here NOW to play this wonderful "Miracle Money Tone" as my gift to you!!!

    ReplyDelete

My Blog List