Tuesday, March 10, 2020

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မြို့မိမြို့ဖ ထောက်ခံမှုဖြင့် ရွေးချယ်သည့် မူချမှတ်ထားဟုဆို

Image may contain: 1 person, standing and flower

NLD ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မြို့မိမြို့ဖထောက်ခံမှုဖြင့် ရွေးချယ်သည့်မူ ချမှတ်ထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။
မတ် ၉ ရက်က နေပြည်တော်ရှိမင်္ဂလာဗျူဟာခန်းမတွင် ပြုလုပ်ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ပြည်ထောင်စုနယ်မြေ ဗဟို၊ တိုင်း၊ခရိုင်၊ မြို့နယ်၊ ရပ်^ကျေး တွေ့ဆုံပွဲအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မကြာမီမှာ ကျွန်မတို့က ပါတီရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ရွေးချယ်တဲ့အခါကိုယ်စားလှယ်လောင်းတွေအတွက် မြို့မိမြို့ဖ ရွေးချယ်ဖို့ဆိုတဲ့ မူတစ်ခုကို ချပြီးဖြစ်ပါတယ်"ဟု ဒေါက်တာမေဝင်းမြင့်ကပြောဆိုသည်။

မြို့မိမြို့ဖဟု ဆိုရာတွင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေစီခရီးကြမ်းကို အတူပါဝင်၊ အားပေးဝန်းရံခဲ့ကြပြီး ယခုအခါတွင်လည်း အဖွဲ့ချုပ်ကို ဝန်းရံသူများအား မြို့မိမြို့ဖအဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

"ဒါကြောင့် ကျွန်မတို့အနေနဲ့မြို့မိမြို့ဖတွေရဲ့ ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်အဖွဲ့များက ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ မိမိ တို့မြို့နယ်အတွက် အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုအရည်အသွေးရှိသူတွေ၊ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တဲ့ မဲပေးဖို့ရနိုင်တဲ့သူကို သေသေချာချာရွေးချယ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်"ဟု ဒေါက်တာမေဝင်းမြင့်က ပြောဆိုသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း မိမိတို့မြို့နယ်အတွက် အကျိုးဆောင်နိုင်ရန်၊ မိမိတို့၏ ကိုယ်စားပြုထားသည့် မြို့နယ်ကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

"ဥပမာ ကျွန်မတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အားဆုတ်နေတဲ့အချိန်အခါဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ၊ ဘယ်လိုအတားအဆီးတွေပဲ ရှိရှိ၊ဘယ်လိုပိတ်ဆို့မှုတွေပဲ ကြီးမားပါစေ ကျွန်မတို့က တွန်းလှန်ပြီး ဆောင်ရွက်ရမယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ကျွန်မတို့အနေနဲ့ နောက်တစ်ကြိမ်အမှားမခံဖို့၊ တစ်ကနေပြန်မစရဖို့ အင်မတန်အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်"ဟုဒေါက်တာ မေဝင်းမြင့်က ပြောဆိုသည်။

ထို့ကြောင့် ပြည်သူ့ပါတီ NLD ဆိုသည့်အတိုင်း ပြည်သူများအတွက် ဒီမိုကရေစီအခြေခိုင်မာအောင် တည်ဆောက်ရန်၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး တည်ဆောက်ပေးနိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ရန်၊ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများကို အလုပ်အကျွေးပြု ပေးဆပ်နိုင်ရေးအတွက် ဆောင်ရွက်ခွင့်ရရှိအောင် ကြိုးစားကြရန် ၎င်းက ပြောကြားသည်။

သတင်း - မင်းမင်းထွန်း
(Zawgyi Version)
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မြို့မိမြို့ဖ ထောက်ခံမှုဖြင့် ရွေးချယ်သည့် မူချမှတ်ထားဟုဆို

NLD ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မြို့မိမြို့ဖထောက်ခံမှုဖြင့် ရွေးချယ်သည့်မူ ချမှတ်ထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။

မတ် ၉ ရက်က နေပြည်တော်ရှိမင်္ဂလာဗျူဟာခန်းမတွင် ပြုလုပ်ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ပြည်ထောင်စုနယ်မြေ ဗဟို၊ တိုင်း၊ခရိုင်၊ မြို့နယ်၊ ရပ်^ကျေး တွေ့ဆုံပွဲအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မကြာမီမှာ ကျွန်မတို့က ပါတီရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ရွေးချယ်တဲ့အခါကိုယ်စားလှယ်လောင်းတွေအတွက် မြို့မိမြို့ဖ ရွေးချယ်ဖို့ဆိုတဲ့ မူတစ်ခုကို ချပြီးဖြစ်ပါတယ်"ဟု ဒေါက်တာမေဝင်းမြင့်ကပြောဆိုသည်။

မြို့မိမြို့ဖဟု ဆိုရာတွင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေစီခရီးကြမ်းကို အတူပါဝင်၊ အားပေးဝန်းရံခဲ့ကြပြီး ယခုအခါတွင်လည်း အဖွဲ့ချုပ်ကို ဝန်းရံသူများအား မြို့မိမြို့ဖအဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

"ဒါကြောင့် ကျွန်မတို့အနေနဲ့မြို့မိမြို့ဖတွေရဲ့ ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်အဖွဲ့များက ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ မိမိ တို့မြို့နယ်အတွက် အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုအရည်အသွေးရှိသူတွေ၊ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်တဲ့ မဲပေးဖို့ရနိုင်တဲ့သူကို သေသေချာချာရွေးချယ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်"ဟု ဒေါက်တာမေဝင်းမြင့်က ပြောဆိုသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်းများအနြေဖင့်လည်း မိမိတို့မြို့နယ်အတွက် အကျိုးဆောင်နိုင်ရန်၊ မိမိတို့၏ ကိုယ်စားပြုထားသည့် မြို့နယ်ကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

"ဥပမာ ကျွန်မတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အားဆုတ်နေတဲ့အချိန်အခါဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ၊ ဘယ်လိုအတားအဆီးတွေပဲ ရှိရှိ၊ဘယ်လိုပိတ်ဆို့မှုတွေပဲ ကြီးမားပါစေ ကျွန်မတို့က တွန်းလှန်ပြီး ဆောင်ရွက်ရမယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ကျွန်မတို့အနေနဲ့ နောက်တစ်ကြိမ်အမှားမခံဖို့၊ တစ်ကနေပြန်မစရဖို့ အင်မတန်အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်"ဟုဒေါက်တာ မေဝင်းမြင့်က ပြောဆိုသည်။

ထို့ကြောင့် ပြည်သူ့ပါတီ NLD ဆိုသည့်အတိုင်း ပြည်သူများအတွက် ဒီမိုကရေစီအခြေခိုင်မာအောင် တည်ဆောက်ရန်၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး တည်ဆောက်ပေးနိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ရန်၊ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများကို အလုပ်အကျွေးပြု ပေးဆပ်နိုင်ရေးအတွက် ဆောင်ရွက်ခွင့်ရရှိအောင် ကြိုးစားကြရန် ၎င်းက ပြောကြားသည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List