Tuesday, March 10, 2020

ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည့် ရွေးကောက်ပွဲ နည်းဥပဒေ-၁၀(က)ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်


Image may contain: 1 person, outdoor
ရကျပေါငျး ၉၀ နထေိုငျရုံဖွငျ့ မဲပေးခှငျ့ရှိသညျ့ ရှေးကောကျပှဲဆိုငျရာ နညျးဥပဒေ -၁၀(က)ကို အလိုမရှိကွောငျးကနျ့ကှကျဆန်ဒထုတ်ဖော်ပွဲကို ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) က ဦးဆောင်ကာ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် မတ် ၉ ရက် နံနက်ပိုင်းကပြုလုပ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများက မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် စုရပ်ပြုလုပ်ကာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ-၁၀(က)အလိုမရှိ၊ ဒေသခံတို့ရဲ့ မဲပေးခွင့် ဝင်ရောက်စွက်ဖက်မှု ရှောင်ကြဉ်ပါ၊ ဖက်ဒရယ် ဒီမိုအရွေ့ကို ပြင်ဆင်သော ဥပဒေမှန်သမျှ ရှေးရှုပါ၊ ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မိမိရောက်ရာဒေသမဲပေးခွင့် အလိုမရှိ၊ ၂၀၂၀ရွေးကောက်ပွဲကို သန့်ရှင်းမျှတမှုအား အပြောနှင့်သာမဟုတ် လက်တွေ့တည်ဆောက်ပါ စသည့်ဗီနိုင်းများ ကိုင်ဆောင်ကာ ရက်ပေါင်း ၉၀နေထိုင်ရုံဖြင့် မဲပေးခွင့်ပယ်ဖျက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု တည်ဆောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအတွက် တားဆီးမှုမှန်သမျှ ဖယ်ရှားရေးစသည်တို့ ကြွေးကြော်သံများဖြင့် ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ဥက္ကဌဒေါက်တာ M ကောန်လက "ဆန္ဒထုတ်ဖော်တာက ဘာဖြစ်လို့ လဲဆို တော့ထစ်ကနေဖြစ် ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ရှေ့မှာလည်း စကားဝိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့တယ်။ လုပ်ခဲ့တော့ အစိုးရက သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အရပ်ဘက်ပြည်သူတွေရဲ့ အသံကို နားထောင်မယ်ဆိုရင်ဒီအဆင့်အထိ ရောက်မလာဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့တုန်းကလည်း ကျွန်တော် အကြီးအကျယ် ကန့်ကွက်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဘာမှ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘူး။ ဘာကြောင့် ဆန္ဒထုတ်ဖော်ရလဲဆိုတော့ လမ်းပေါ်ကို ချက်ချင်းရောက်လာတာမဟုတ်ဘူး။ ရှေ့မှာတွေ့ဆုံဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပြီးပြီ။ လက်မခံလို့ ဖြစ်လာတာ။ အဲဒီတော့ ပြည်သူ့အသံလွှတ်တော်အသံနဲ့လည်း လွဲနေတယ်ပေါ့နော်၊ ပြည်သူဆိုတာက ပြည်မက သူတွေကသာပြည်သူမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ်က အသံကိုလည်း နားထောင်ဖို့ လိုပါတယ်။အဲဒါကို ထောက် ပြလိုတာပါ"ဟု ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က)သည် ယခင်က မူလဥပဒေပြဋ္ဌာန်းချက်တွင် ရွှေ့ပြောင်းသွားလာသူများအနေဖြင့် ရောက်ရှိရာဒေသတွင် အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်မှသာ မဲပေးခွင့်ရှိမည်ဖြစ်သော်လည်း လက်ရှိပြင်ဆင်လိုက်သည့် နည်းဥပဒေတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မိမိရောက်ရှိရာ ဒေသတွင်မဲပေးခွင့်ရရှိမည်ဖြစ်သည်။

ရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသတွင် ရက်ပေါင်း ၉၀ကျော် နေထိုင်ရုံဖြင့် မဲပေးခွင့်ရရှိမည်ဆိုသော နည်းဥပဒေ ပြင်ဆင်ချက်သည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားကို ထိခိုက်စေပြီး ဒေသခံတိုင်းရင်းသားများအတွက်များစွာနစ်နာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်ပါတီများက ဖေဖော်ဝါရီ ၂၄ ရက်တွင် သဘောထားထုတ်ပြန်ကန့်ကွက်ထားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူဦးရေ ၁၀၀ ကျော် ပူးပေါင်းပါဝင်ကြပြီး ရက်ပေါင်း၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ပယ်ဖျက်ရေးနှင့်ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - နောင်လေး

..............................................................

(Zawgyi Version)


 ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည့် ရွေးကောက်ပွဲ နည်းဥပဒေ-၁၀(က)ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က)ကို အလိုမရှိကြောင်းကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) က ဦးဆောင်ကာ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် မတ် ၉ ရက် နံနက်ပိုင်းကပြုလုပ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများက မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် စုရပ်ပြုလုပ်ကာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ-၁၀(က)အလိုမရှိ၊ ဒေသခံတို့ရဲ့ မဲပေးခွင့် ဝင်ရောက်စွက်ဖက်မှု ရှောင်ကြဉ်ပါ၊ ဖက်ဒရယ် ဒီမိုအရွေ့ကို ပြင်ဆင်သော ဥပဒေမှန်သမျှ ရှေးရှုပါ၊ ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မိမိရောက်ရာဒေသမဲပေးခွင့် အလိုမရှိ၊ ၂၀၂၀ရွေးကောက်ပွဲကို သန့်ရှင်းမျှတမှုအား အပြောနှင့်သာမဟုတ် လက်တွေ့တည်ဆောက်ပါ စသည့်ဗီနိုင်းများ ကိုင်ဆောင်ကာ ရက်ပေါင်း ၉၀နေထိုင်ရုံဖြင့် မဲပေးခွင့်ပယ်ဖျက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု တည်ဆောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအတွက် တားဆီးမှုမှန်သမျှ ဖယ်ရှားရေးစသည်တို့ ကြွေးကြော်သံများဖြင့် ကြွေးကြော်တောင်းဆိုခဲ့ကြသည္။

အဆိုပါ ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ဥက္ကဌဒေါက်တာ M ကောန်လက "ဆန္ဒထုတ်ဖော်တာက ဘာဖြစ်လို့ လဲဆို တော့ထစ်ကနေဖြစ် ဆန္ဒထုတ်ဖော်တာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ ရှေ့မှာလည်း စကားဝိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့တယ်။ လုပ်ခဲ့တော့ အစိုးရက သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အရပ်ဘက်ပြည်သူတွေရဲ့ အသံကို နားထောင်မယ်ဆိုရင်ဒီအဆင့်အထိ ရောက်မလာဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့တုန်းကလည်း ကျွန်တော် အကြီးအကျယ် ကန့်ကွက်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဘာမှ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘူး။ ဘာကြောင့် ဆန္ဒထုတ်ဖော်ရလဲဆိုတော့ လမ်းပေါ်ကို ချက်ချင်းရောက်လာတာမဟုတ်ဘူး။ ရှေ့မှာတွေ့ဆုံဆွေးနွေးမှုတေွ အများကြီးလုပ်ခဲ့ပြီးပြီ။ လက်မခံလို့ ဖြစ်လာတာ။ အဲဒီတော့ ပြည်သူ့အသံလွှတ်တော်အသံနဲ့လည်း လွဲနေတယ်ပေါ့နော်၊ ပြည်သူဆိုတာက ပြည်မက သူတွေကသာပြည်သူမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ်က အသံကိုလည်း နားထောင်ဖို့ လိုပါတယ်။အဲဒါကို ထောက် ပြလိုတာပါ"ဟု ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က)သည် ယခင်က မူလဥပဒေပြဋ္ဌာန်းချက်တွင် ရွှေ့ပြောင်းသွားလာသူများအနေဖြင့် ရောက်ရှိရာဒေသတွင် အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်မှသာ မဲပေးခွင့်ရှိမည်ဖြစ်သော်လည်း လက်ရှိပြင်ဆင်လိုက်သည့် နည်းဥပဒေတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မိမိရောက်ရှိရာ ဒေသတွင်မဲပေးခွင့်ရရှိမည်ဖြစ်သည်။

ရွှေ့ပြောင်း နေထိုင်သူများအနေဖြင့် ၎င်းတို့ရောက်ရှိရာ ဒေသတွင် ရက်ပေါင်း ၉၀ကျော် နေထိုင်ရုံဖြင့် မဲပေးခွင့်ရရှိမည်ဆိုသော နည်းဥပဒေ ပြင်ဆင်ချက်သည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားကို ထိခိုက်စေပြီး ဒေသခံတိုင်းရင်းသားများအတွက်များစွာနစ်နာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်ပါတီများက ဖေဖော်ဝါရီ ၂၄ ရက်တွင် သဘောထားထုတ်ပြန်ကန့်ကွက်ထားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူဦးရေ ၁၀၀ ကျော် ပူးပေါင်းပါဝင်ကြပြီး ရက်ပေါင်း၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ပယ်ဖျက်ရေးနှင့်ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - နောင်လေး

1 comment:

  1. Did you realize there's a 12 word phrase you can say to your man... that will induce deep emotions of love and impulsive attraction for you buried inside his chest?

    Because hidden in these 12 words is a "secret signal" that fuels a man's instinct to love, worship and guard you with his entire heart...

    12 Words That Trigger A Man's Desire Impulse

    This instinct is so built-in to a man's brain that it will make him try harder than ever before to to be the best lover he can be.

    Matter of fact, fueling this dominant instinct is absolutely important to getting the best ever relationship with your man that once you send your man a "Secret Signal"...

    ...You will soon find him expose his soul and mind for you in a way he never expressed before and he'll recognize you as the only woman in the galaxy who has ever truly interested him.

    ReplyDelete

My Blog List