Tuesday, March 10, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၂၅ ယောက်နဲ့ ကူးစက်သူ ၁၁၄၃၄၃ ယောက် ရှိလာ

Image may contain: one or more people and indoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄၀၂၅ ယောက်ရှိလာပြီး ကူးစက်သူ ၁၁၄၀၀၀ ကျော်သွားပြီလို့ ဒီနေ့မနက် worldometer ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီနေ့မနက် စာရင်းတွေအရဆိုရင် တစ်ကမ္ဘာလုံးမှာ အီတလီနိုင်ငံဟာ ကူးစက်မှုရော၊ သေဆုံးမှုပါ အမြင့်ဆုံးဖြစ်နေပါတယ်။ တစ်ရက်အတွင်း သေဆုံးသူ ၉၇ ယောက်ရှိပြီး ကူးစက်သူ ၁၈၀၀ နီးပါး ရှိနေပါတယ်။ စုစုပေါင်း သေဆုံးသူ ၄၆၃ ယောက် ရှိနေပြီဖြစ်သလို ကူးစက်သူကလည်း ၉၀၀၀ ကျော်သွားပါပြီ။
အီတလီပြီးရင် တစ်ရက်အတွင်း ကူးစက်/သေဆုံးမှု အများဆုံးနိုင်ငံက အီရန်နိုင်ငံပါ။ တစ်ရက်အတွင်းမှာ သေဆုံးသူ ၄၃ ယောက်နဲ့ ကူးစက်သူ ၆၀၀ နီးပါး ရှိခဲ့တာပါ။ စုစုပေါင်း ကူးစက်သူ ၇၀၀၀ ကျော်သွားပြီဖြစ်တာကြောင့် တောင်ကိုရီး ယားကို မီတော့မလို ဖြစ်နေပါပြီ။
တောင်ကိုရီးယားကတော့ အခြေအနေ တော်တော်လေး တည်ငြိမ်နေပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ သုံးယောက်နဲ့ ကူးစက်သူ ၁၆၅ ယောက်ပဲ ရှိပါတော့တယ်။
ဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ တရုတ်ပြည်မကြီးကတော့ အားရဖို့ကောင်းလောက်အောင် ထိန်းချုပ်နိုင်သွားပါပြီ။ တစ်ရက် အတွင်း သေဆုံးသူ ၁၇ ယောက်နဲ့ ကူးစက်သူ ၁၈ ယောက်ပဲ ရှိပါတော့တယ်။
Source: Worldometer

No comments:

Post a Comment

My Blog List