Tuesday, March 10, 2020

တပ်မတော်အာဏာလျော့ချမည့် ပုဒ်မများ မဲခွဲရာတွင် ရှုံးနိမ့်

Image may contain: indoor
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာရယူထားမှုများအား လျော့ချရန် ပြင်ဆင်ချက်ပုဒ်မများ ယနေ့မဲခွဲရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မီမှုမရှိသည့်အတွက် ရှုံးနိမ့်ခဲ့သည်။

အဓိကအားဖြင့် အရေးပေါ်ကာလတွင် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအခန်းကဏ္ဍတို့အား ပယ်ဖျက်ကာ သမ္မတက ဦးဆောင်ရန် ပြင်ဆင်ချက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၄၀(ခ) မဲခွဲရာတွင် ထောက်ခံမဲ ၄၀၂ မဲ၊ ပုဒ်မ ၄၀(ဂ)အား မဲခွဲရာတွင် ထောက်ခံမဲ ၃၄၃ မဲသာ ရရှိခဲ့သည့်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့သည်။
မဲထည့်သူ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ဦး ရှိသည်။
ယင်းပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသည့် ပုဒ်မ ၂၀(ဂ)အား ပယ်ဖျက်ရန် ပြင်ဆင်ချက်မှာလည်း ထောက်ခံမဲ ၄၀၃ မဲသာရှိခဲ့သည်။
ပုဒ်မ ၁၇(ခ) ပြဌာန်းချက်ဖြစ်သည့် ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ပိုင်ခွင့်ရှိသည့်အချက်အား ပယ်ဖျက်ရန် ပြင်ဆင်ချက်မှာ ထောက်ခံမဲ ၄၀၁ မဲသာ ရှိခဲ့သည်။
လွှတ်တော်များအတွင်း တပ်မတော်က ၂၅ ရာခိုင်နှုန်းရယူထားသည့်အချက်အား နောင်လွှတ်တော်သက်တမ်းများအလိုက် အဆင့်ဆင့်လျော့ချသွားရန် ပုဒ်မ ၁၄ အား ပြင်ဆင်ချက်မှာလည်း ထောက်ခံမဲ ၄၀၄ မဲသာ ရှိခဲ့သည်။
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုသည့် ပုဒ်မ ၆(စ) ပြဌာန်းချက်အား “ပြည်သူ့ဆန္ဒနှင့်အညီသာ ပါဝင်ရန်” ပြင်ဆင်ချက်သည်လည်း ထောက်ခံမဲ ၄၁၀ မဲ သာရရှိခဲ့သည်။
ပြင်ဆင်ရန် မဲခွဲသည့် ပုဒ်မ၊ပုဒ်မ ခွဲ ၁၄ ခုအနက် “အိုမင်းမစွမ်း”စာသားနေရာတွင် “သက်ကြီးရွယ်အို” အစားထိုးခြင်း၊ “မသန်မစွမ်း”စာသားနေရာတွင် “မသန်စွမ်း”အစားထိုးခြင်းစသည့် ပုဒ်မ ၃၂(က) နှင့် ပုဒ်မ ၃၂(ခ) တို့သည်သာ ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော်ခဲ့သည့်အတွက် အနိုင်ရခဲ့ပြီး ကျန်ပုဒ်မ ၁၁ ခု ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီ

2 comments:

  1. As claimed by Stanford Medical, It's in fact the SINGLE reason this country's women get to live 10 years more and weigh 19 kilos less than us.

    (And realistically, it really has NOTHING to do with genetics or some hard exercise and EVERYTHING around "how" they eat.)

    BTW, What I said is "HOW", not "WHAT"...

    Tap this link to reveal if this quick quiz can help you discover your true weight loss possibilities

    ReplyDelete
  2. According to Stanford Medical, It is really the ONLY reason women in this country live 10 years more and weigh 19 KG lighter than we do.

    (And by the way, it really has NOTHING to do with genetics or some hard exercise and absolutely EVERYTHING around "HOW" they are eating.)

    BTW, What I said is "HOW", and not "WHAT"...

    Tap on this link to see if this brief quiz can help you decipher your true weight loss possibilities

    ReplyDelete

My Blog List