Tuesday, March 10, 2020

" သည်ကနေ့ ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် စတင်မဲခွဲဆုံးဖြတ်မယ် "

Image may contain: 6 people, people standing and indoor
နေပြည်တော်၊မတ်လ - ၁၀ ရက်။ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် (၇)ရက်ကြာ အချေအတင်ဆွေးနွေးမှုတွေအပြီးမှာတော့ သည်ကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ချက်တွေအပေါ် စတင်မဲခွဲဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

သည်ကနေ့ စတင်မဲခွဲဆုံးဖြတ်မယ့် ပြင်ဆင်ချက်တွေကတော့ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ ပုဒ်မ၊ပုဒ်မခွဲ ၁၄ ခု ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆(က) မှာ အကျုံးဝင်တဲ့ သည်ပုဒ်မ၊ပုဒ်မခွဲတွေကို ပြင်ဆင်နိုင်ဖို့ဆိုရင် လွှတ်တော်တွင်းရှိ ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ ကျင်းပဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေထဲမှာ ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ပုဒ်မခွဲ စုစုပေါင်း ၅၈ ခု ရှိပြီး ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ပုဒ်မခွဲ စုစုပေါင်းကတော့ ၈၄ ခု ရှိပါတယ်။
Image may contain: 2 people, people standing and outdoor
Image may contain: 1 person, standing and outdoor
Author - မာရီခိုင်
Kumudra

No comments:

Post a Comment

My Blog List