Tuesday, March 10, 2020

ငြိမ်းချမ်းရေး အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်

Image may contain: 2 people, indoor
လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီအစည်းအဝေးအကြိုအဖြစ် ၂၅ ကြိမ်မြောက် UPDJC အတွင်းရေးမှူး အစည်းအဝေးကို ဒီနေ့ နေပြည်တော် NRPC ရုံးမှာ ကျင်းပနေပြီး ၁၂ ရက်နေ့ ကျင်းပမယ့် အစည်းအဝေးမှာ ဘာတွေတင်ပြမယ်ဆိုတာကို ဆွေးနွေးနေတယ်လို့လည်း ဦးလှမောင်ရွှေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တတ်ရောက်ခဲ့တဲ့ UPDJC အစည်းအဝေးမှာ နှစ်လအတွင်း အစည်းအဝေး ပြန်ကျင်းပဖို့နဲ့ လေးလအတွင်း ပင်လုံညီလာခံလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
လာမယ့်ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ပင်လုံညီလာခံ ထပ်ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခဏ ကျင်းပနေပေမယ့်လည်း တိုင်းရင်းသားဒေသတချို့မှာတော့ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတုန်းပါ။ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း သိန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲဒါကြောင့် အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မထိရောက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို ငြိမ်းချမ်းရေးကော်မရှင်က ငါးဦး၊ နိုင်ငံရေးပါတီက ငါးဦးနဲ့ အပစ်ရပ်ထားတဲ့တိုင်းရင်းသားအဖွဲ့ EAOs အဖွဲ့တွေက ငါးယောက် ပါဝင်ပါလိမ့်မယ်။
RFA
Unicode


ငြိမ်းချမ်းရေး အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်

လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်မယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီအစည်းအဝေးအကြိုအဖြစ် ၂၅ ကြိမ်မြောက် UPDJC အတွင်းရေးမှူး အစည်းအဝေးကို ဒီနေ့ နေပြည်တော် NRPC ရုံးမှာ ကျင်းပနေပြီး ၁၂ ရက်နေ့ ကျင်းပမယ့် အစည်းအဝေးမှာ ဘာတွေတင်ပြမယ်ဆိုတာကို ဆွေးနွေးနေတယ်လို့လည်း ဦးလှမောင်ရွှေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တတ်ရောက်ခဲ့တဲ့ UPDJC အစည်းအဝေးမှာ နှစ်လအတွင်း အစည်းအဝေး ပြန်ကျင်းပဖို့နဲ့ လေးလအတွင်း ပင်လုံညီလာခံလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
လာမယ့်ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ပင်လုံညီလာခံ ထပ်ကျင်းပနိုင်ရေးကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခဏ ကျင်းပနေပေမယ့်လည်း တိုင်းရင်းသားဒေသတချို့မှာတော့ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတုန်းပါ။ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း သိန်းနဲ့ချီပြီး ရှိနေပါတယ်။ အဲဒါကြောင့် အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မထိရောက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို ငြိမ်းချမ်းရေးကော်မရှင်က ငါးဦး၊ နိုင်ငံရေးပါတီက ငါးဦးနဲ့ အပစ်ရပ်ထားတဲ့တိုင်းရင်းသားအဖွဲ့ EAOs အဖွဲ့တွေက ငါးယောက် ပါဝင်ပါလိမ့်မယ်။
- Zawgyi
~~~~~~~~~~~~~~~

ဓာတ်ပုံ - သီဟထွန်း/ RFA
(၂၅ ကြိမ်မြောက် UPDJC အတွင်းရေးမှူး အစည်းအဝေးကို ၂၀၂၀၊ မတ် ၁၀ ရက်နေ့က နေပြည်တော် NRPC ရုံးမှာ ကျင်းပစဉ်)

1 comment:

  1. Did you realize there's a 12 word phrase you can say to your partner... that will trigger deep feelings of love and instinctual attractiveness to you buried within his chest?

    Because deep inside these 12 words is a "secret signal" that triggers a man's impulse to love, adore and care for you with his entire heart...

    12 Words Will Fuel A Man's Desire Impulse

    This impulse is so built-in to a man's mind that it will drive him to try better than before to build your relationship stronger.

    Matter of fact, triggering this mighty impulse is absolutely important to achieving the best possible relationship with your man that the moment you send your man one of these "Secret Signals"...

    ...You'll instantly notice him open his heart and soul to you in a way he haven't experienced before and he will perceive you as the only woman in the universe who has ever truly appealed to him.

    ReplyDelete

My Blog List