Tuesday, March 10, 2020

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တရိပ်ရိပ်မြင့်တက်လာသည့် အီတလီသည် နိုင်ငံတစ်ဝှမ်း အပြင်မထွက်ရန် အမိန့်ထုတ်လိုက်သည် ပထမဆုံးနိုင်ငံ ဖြစ်လာ


Image may contain: 1 person, outdoor
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း တရိပ်ရပ်မြင့်တက်လာသည့် ဥရောပ၏ စတုတ္ထစီးပွားရေး အင်အားကြီးနိုင်ငံ အီတလီသည် ရောဂါထိန်းချုပ်နိုင်ရန် လူများအား အိမ်တွင်နေထိုင်စေပြီးနောက် နိုင်ငံအား ပိတ်ဆို့လိုက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။
အီတလီနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း ဒုတိယအများဆုံး ဖြစ်လာပြီး လက်ရှိအချိန်ထိ ကူးစက်ခံမှု ၉၁၇၂ ဦးရှိပြီး ၄၆၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း နောက်ဆုံး သတင်းများအရ သိရသည်။

နေ့စဉ် သေဆုံးမှုသည် တနင်္ဂနွေနေ့က ၃၆၆ ဦးရှိရာမှ တနင်္လာနေ့တွင် ၉၇ ဦး ထပ်မံသေဆုံးပြီး ရောဂါကူးစက်မှုနှုန်းမှာလည်း ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

အီတလီ နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့နှင့် တိုက်ပွဲဖြစ်ပွားချိန် အရေးနိမ့်ခဲ့သော ဗြိတိန်နိုင်ငံနှင့် နှိုင်းယှဉ်ကာ နိုင်ငံ၏ အမှောက်မိုက်ဆုံး အခိုက်အတန့်ဟု နိုင်ငံခေါင်းဆောင်က ပြောကြားခဲ့သည်။

နိုင်ငံသည် ပျက်စီးဆုံးရှုံးမှုများကိုထိန်းချုပ်ရန် ရုန်းကန်နေရပြီး စိတ်ပိုင်းဆိုင်ရာ စီးပွားရေးဆိုင်ရာ နှစ်ခုစလုံးကို အကြီး အကျယ် သက်ရောက်စေခဲ့သည်။

“ကျွန်တော်တို့ အလေ့အကျင့်တွေကို ချက်ချင်းပြောင်းလဲဖို့ ကျွန်တော်တို့ လိုအပ်နေပြီ”ဟု ဝန်ကြီးချုပ် ကွန်တီက Conte က မတ်လ ၉ ရက်နေ့ သတင်းကွန်ဖရင့်တစ်ခု တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် ကွန်တီသည် မြို့တော်မီလန်အပါအဝင် လူဦးရေ သန်း ၆၀ ကျော် ရှိသော တစ်နိုင်ငံလုံးကို ကန့်သတ်ချက်များ တိုးချဲ့ ချမှတ်ခဲ့သည်။

ကန့်သတ်ချက်များသည် နိုင်ငံရှိ စာသင်ကျောင်းများ၊ တက္ကသိုလ်များကို ပိတ်ထားပြီး လူစုလူဝေးပွဲတော်များ ကျင်းပခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။ ထို့အပြင် ခရီးသွားလာခွင့်များတွင် စီးပွားရေးကိစ္စ၊ ကျန်းမာရေးကိစ္စများမှအပ ခရီးသွားလာခြင်းများကို ဧပြီလ ၃ ရက်နေ့အထိ တားမြစ်ထားသလို အားကစားပြိုင်ပွဲများကိုလည်း တစ်လကြာ ဆိုင်းငံ့လိုက်သည်။

ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစိုးရက ဒေါ်လာ ၁၁ ဒသမ ၉ ဘီလီယံ သုံးစွဲမည် ဖြစ်သည်။

AS
ref; straitstimes

1 comment:

  1. If you're looking to lose pounds then you certainly have to jump on this totally brand new custom keto diet.

    To create this keto diet, certified nutritionists, personal trainers, and professional cooks have united to develop keto meal plans that are effective, painless, economically-efficient, and fun.

    Since their launch in 2019, 100's of individuals have already transformed their body and well-being with the benefits a great keto diet can offer.

    Speaking of benefits: in this link, you'll discover 8 scientifically-certified ones given by the keto diet.

    ReplyDelete

My Blog List