Tuesday, March 10, 2020

တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်အား လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲအဖြစ် သတ်မှတ်ချက်ပုဒ်မအပါအဝင် ပုဒ်မ ၆ ခု ယနေ့ လွှတ်တော်တွင် စတင်မဲခွဲဆုံးဖြတ်မည်

ဆန္ဒမဲလက်မှတ် ၁ ကိုအသုံးပြုမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ယနေ့ မတ်လ ၁၀ ရက်မှ စတင်မဲခွဲမှုတွင် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် သတ်မှတ်ချက်အား ပယ်ဖျက်ရန်နှင့် အဓိကကျသည့်ပုဒ်မ ၆ ခုလည်း ပါဝင်နေသည်။
အဆိုပါ ပုဒ်မများကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထံမှ ထောက်ခံမဲရရန်လိုအပ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုရဉီးမည်ဖြစ်သည်။
ဥပဒေမူကြမ်းများလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ ၂၀၂၀ ဖေဖော်ဝါရီ ၅ အစီရင်ခံစာတွင် ပုဒ်မတစ်ခုကိုပြင် ရန်အတွက် ၄၉၁ မဲကျော်ရရန် လိုအပ်သည်ဟု ကြေညာထားပြီးဖြစ်သည်။ ယင်းအချိန်ကရှိသည့် ရွေးကောက်ခံနှင့် တပ်ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ဦးအပေါ်အခြေခံ၍ ကော်မတီက တွက်ချက်ထားခြင်းဖြစ်သည်။
ကော်မတီ၏ အထက်ပါစာရင်းတွင် ထုတ်ပြန်ပြီးမှ ကွယ်လွန်သွားသူ၊ ပြစ်ဒဏ်ကျနှင့် အမှုရင်ဆိုင်နေရသူ ရွေးကောက်ခံအမတ် သုံးဦးကို နုတ်ပယ်ထားခြင်းမရှိသေးပါ။
No photo description available.
ref-Myanmar Now
>>Zawgyi<<
တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်အား လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် သတ်မှတ်ချက် ပုဒ်မ အပါအဝင် ပုဒ်မ ၆ ခု ယနေ့ လွှတ်တော်တွင် စတင်မဲခွဲဆုံးဖြတ်မည်
Tuesday , March 10 , 2020
ဆန္ဒမဲလက်မှတ် ၁ ကိုအသုံးပြုမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ယနေ့ မတ်လ ၁၀ ရက်မှ စတင်မဲခွဲမှုတွင် တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် သတ်မှတ်ချက်အား ပယ်ဖျက်ရန် နှင့် အဓိကကျသည့် ပုဒ်မ ၆ ခုလည်းပါဝင်နေသည်။

အဆိုပါ ပုဒ်မများကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထံမှ ထောက်ခံမဲရရန်လိုအပ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုရဉီးမည်ဖြစ်သည်။
ဥပဒေမူကြမ်းများလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ ၂၀၂၀ ဖေဖော်ဝါရီ ၅ အစီရင်ခံစာတွင် ပုဒ်မတစ်ခုကိုပြင် ရန်အတွက် ၄၉၁ မဲကျော်ရရန် လိုအပ်သည်ဟု ကြေညာထားပြီးဖြစ်သည်။ ယင်းအချိန်ကရှိသည့် ရွေးကောက်ခံနှင့် တပ်ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ဦးအပေါ်အခြေခံ၍ ကော်မတီက တွက်ချက်ထားခြင်းဖြစ်သည်။
ကော်မတီ၏ အထက်ပါစာရင်းတွင် ထုတ်ပြန်ပြီးမှ ကွယ်လွန်သွားသူ၊ ပြစ်ဒဏ်ကျနှင့် အမှုရင်ဆိုင်နေရသူ ရွေးကောက်ခံအမတ် သုံးဦးကို နုတ်ပယ်ထားခြင်းမရှိသေးပါ။
ref-Myanmar Now

No comments:

Post a Comment

My Blog List