Tuesday, March 10, 2020

အခြေခံဥပဒေပြင်ဆင်ရေး ကိုးမျိုး ကိုးကြိမ် ဘယ်လိုမဲတွေပေးရမလဲ၊ ဘယ်ပုဒ်မတွေ ပြင်နိုင်မလဲ၊ ဘယ်လောက် မျှော်လင့်နိုင်မလဲ


No photo description available.
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များနှင့် မတ်လ ၃၊ ၄၊ ၅ ရက်နေ့များတွင် ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးငြင်းခုန်ခဲ့ကြသည့် အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်တော့မှာဖြစ်ပါတယ်။
ထိုသို့မဲခွဲဆုံးဖြတ်ရာတွင် လျှို့ဝှက်ဆန္ဒမဲလက်မှတ်များတွင် ဆန္ဒပြု၍ မဲပုံးထဲတွင်ထည့်ခြင်း၊ မဲဆန္ဒရှင်များရှေ့ မှောက်တွင် မဲရေတွက်ခြင်း၊ အတည်ပြုခြင်း စသည့် သမ္မတနှင့် ဒုသမ္မတများရွေးချယ်သည့်ပုံစံအတိုင်း ပြုလုပ်သွား မှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲတွင် ရွေးကောက်ခံကိုယ်စားလှယ် ၄၉၈ နေရာနှင့် တပ်မတော်သားကိုယ်စား လှယ် ၁၆၆ ဦး သတ်မှတ်ထားရာ လက်ရှိတွင် ရွေးကောက်ခံကိုယ်စားလှယ်ဦးရေသည် အပြည့်မရှိပဲ ၁၂ ဦး လျော့ကာ ၄၈၆ ဦးသာ ရှိပြီး တပ်မတော်သားကိုယ်စားလှယ်အရေအတွက်မှာ အလျော့မရှိပဲ ၁၆၆ ဦး အပြည့်ရှိနေပါသည်။
ထိုသို့ပြုလုပ်ရာတွင် အခြေခံဥပဒေကိုပြင်ဆင်ရမည့်ပုဒ်မပေါင်း ၁၃၅ ခုရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကိုယ်စားလှယ်ပေါင်း ၆၅၂ ဦးမှ ပုဒ်မပေါင်း ၁၃၅ ခုအား ပုဒ်မတစ်ခုချင်းစီ ဆန္ဒပြုမဲပေးနေမည်ဆိုလျှင် အချိန်ကြာမြင့်နိုင်သောကြောင့် ပြင်ဆင်ရမည့်ဥပဒေပုဒ်မ ၁၃၅ ခုကို အစု(၉)စုခွဲကာ လွှတ်တော်ကိုယ်စားလှယ် များက ပုဒ်မတစ်စုအတွက် တစ်ကြိမ်ဖြင့် စုစုပေါင်းကိုးကြိမ်ခွဲပြီး မဲပေးရမှာ ဖြစ်ပါတယ်။
ထိုသို့အုပ်စုခွဲရာတွင် ပုဒ်မ ၄၃၆(က)အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏၇၅ ရာခိုင်နှုန်း ကျော်ရုံအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ ကျင်းပရန်လိုအပ်သည့် ပုဒ်မ ၅၅ ခု ကို အစုလေးစုအောက်သို့လည်း ကောင်း
ပုဒ်မ ၄၃၆ (ခ)အရ ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရုံဖြင့် ပြင်ဆင်နိုင်မည့် ပုဒ်မ ၈၀ ခုကို အစုငါးစုအောက်သို့လည်းကောင်း အောက်ပါအတိုင်းထည့်သွင်းသွားမှာဖြစ်ပါတယ်။

- ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ ( က )အတွက်
- ဆန္ဒမဲလက်မှတ်( ၁ )တွင် မဲ - ၁၄ မဲ
- ဆန္ဒမဲလက်မှတ်( ၂ )တွင် မဲ - ၁၅ မဲ
- ဆန္ဒမဲလက်မှတ်( ၃ )တွင် မဲ - ၁၄ မဲ
- ဆန္ဒမဲလက်မှတ်( ၄ )တွင် မဲ - ၁၂ မဲ

- ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ ( ခ )အတွက် .....
- ဆန္ဒမဲလက်မှတ်( ၁ )တွင် မဲ - ၁၅ မဲ
- ဆန္ဒမဲလက်မှတ်( ၂ )တွင် မဲ - ၁၈ မဲ
- ဆန္ဒမဲလက်မှတ်( ၃ )တွင် မဲ - ၁၉ မဲ
- ဆန္ဒမဲလက်မှတ်( ၄ )တွင် မဲ - ၁၄ မဲ
- ဆန္ဒမဲလက်မှတ်( ၅ )တွင် မဲ - ၁၄ မဲ တို့ဖြစ်ပါတယ်။

ဆန္ဒမဲပေးခြင်းများကို မနက်ဖြန် ၁၀. ၃. ၂၀၂၀ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ကြီးတွင်စတင်မှာဖြစ်ပြီး ပြီးဆုံး မည့်ရက်ကို မသိရှိရသေးပါ။
ထိုသို့မဲပေးကြရာတွင် ဆန္ဒမဲလက်မှတ်တစ်စောင်တွင် အထက်ဖေါ်ပြပါ ပုဒ်မအရေအတွက်အလိုက် ပါဝင်မှာဖြစ်ပြီး ပုဒ်မတစ်ခုချင်းစီ၏ဘေးတွင် ထောက်ခံ၊ ကန့်ကွက်၊ အမှန်၊ အမှား ခြစ်ပေးကြရမှာဖြစ်ပါတယ်။
NLD ဦးဆောင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တို့ တင်သွင်းခဲ့ကြသည့် မူကြမ်း (၇)ခုတွင် တိုက်ဆိုင်သည့် ပုဒ်မမှာ တစ်ခုသာရှိပြီး ကျန်ပုဒ်မ များမှာ တိုက်ဆိုင်မှုမရှိခဲ့ပါ။
ထိုပုဒ်မမှာ သမ္မတအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉(ဂ)ဖြစ်သည်။ ထိုပုဒ်မ၏ မူရင်းပြဌာန်းချက်တွင် “ အနည်းဆုံးအသက် ၄၅ နှစ်ပြည့်ပြီးသူ” ဟူ၍ဖြစ်သည်။ ပူးပေါင်းကော်မတီမှ “ အသက် ၄၀ ပြည့်ပြီးသူ” ဟုပြင် ဆင်လို ပြီး ပြည်ခိုင်ဖြိုးပါတီမှ “ အသက် ၄၅ နှစ်ပြည့်ပြီးသူ” ဟုပြင်ဆင်လိုခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဥပဒေမူကြမ်းများလေ့လာစီစစ်ရေး ပူးပေါငျးကောျမတီ၏ ထုတျပွနျကွညော ခကြျအရ လှှတျတောျအတှငျးရှိ အမတျဦးရေ ၆၅၅ ဦးကိုအခွခေံတှကျခကြျထုတျပွန်ရာ ဥပဒေတစ်ခုပြင်ဆင်ရေး ထောက်ခံအတည်ပြုနိုင်ရန်အတွက် အမတ်ဦးရေ၊ မဲအရေအတွက် ၄၉၁ မဲကျော်ရရှိရန်လိုအပ်မည်ဖြစ်သည်။
ဖေါ်ပြပါအခြေအနေများကြောင့် လာမည့် မနက်ဖြန် ၁၀ ရက်နေ့မှစ၍ လွှတ်တော်တွင်းမဲခွဲကြရာတွင် အရပ်သား အမတ်(ရွေးကောက်ခံကိုယ်စားလှယ်) ၄၈၆ ဦးစလုံးက ပုဒ်မတစ်ခုချင်းစီကို ထောက်ခံမဲပေးကြသည့်တိုင် တပ်မ တော်သားလွှတ်တော် ကိုယ်စားလှယ်ဘက်မှ အနည်းဆုံး ၆ ဦး ထောက်ခံကြမှသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။

ကျော်စွာလင်း(မြန်မာစာ)

No comments:

Post a Comment

My Blog List