Tuesday, March 10, 2020

မန္တလေးတွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦး ထပ်တိုး၊ မန္တလေးဆေးရုံမှ ဆရာဝန်နှင့် အမရပူရမှ လူနာတွင် ရောဂါပိုး မတွေ့

Image may contain: sky, tree and outdoor
မန္တလေးမြို့တွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦးထပ်တိုးပြီး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ဓါတ်ခွဲစစ်ဆေးချက်အဖြေအရ မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန်အပါအဝင် ယခင်စောင့်ကြည့်လူနာ နှစ်ဦးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ သီးခြားထားရှိ ကုသပေးလျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် တစ်လခန့်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် လက္ခဏာများခံစားခဲ့ရပြီး လွန်ခဲ့သော နှစ်ပတ်ခန့်တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာခံစားခဲ့ရသဖြင့် မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြောင်း၊ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်၊ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ကြောင်းနှင့် ၎င်းအား သီးခြားထားရှိ ကုသမှုပေးလျက်ရှိကာ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် Covid-19 စောင့်ကြည့် လူနာများအဖြစ် သတ်မှတ်ကာ မန္တလေး ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိပြီး ဓါတ်ခွဲစစ်ဆေးခဲ့သည့် မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနမှ အသက်(၂၅)နှစ်အရွယ် လက်ထောက်ဆရာဝန် အမျိုးသားနှင့် အမရပူရမြို့နယ်တွင် နေထိုင်သည့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ဓါတ်ခွဲအဖြေအရ Covid-19 ရောဂါပိုး မတွေ့ရှိဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုလအတွင်း မန္တလေး ကန်တော်နင်္ဒီ ဆေးရုံသို့ ရောက်ရှိလာသည့် Covid-19 စောင့်ကြည့်လူနာ (၆)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးပြီးစီးသည့် လူနာ(၅)ဦးလုံးတွင် ရောဂါပိုးမတွေ့ရှိဘဲ ယနေ့ ထပ်တိုးရောက်ရှိလာသည့် အောင်မြေသာစံမြို့နယ်မှ လူနာအမျိုးသမီးကိုမူ ဓါတ်ခွဲစစ်ဆေးရဦးမည် ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းစောင့်ကြည့်လူနာများအနက် မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
မန္တလေးကန်တော်နဒီ ဆေးရုံသို့ ရောက်ရှိလာသည့် စောင့်ကြည့်လူနာများ အပါအဝင် မန္တလေးတစ်တိုင်းလုံးတွင် ဇန်နဝါရီမှ ယနေ့ မတ်လ(၉)ရက်အထိ Covid-19 စောင့်ကြည့်လူနာ (၁၄)ဦးရှိခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ မရှိဟု ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံတွင်း ယနေ့ မတ်လ(၉)ရက်အထိ သံသယလူနာ (၂)ဦးအပါအဝင် Cpvid-19 စောင့်ကြည့်လူနာ (၈၁)ဦးအထိ ရှိခဲ့သည်။ ယင်းတို့အနက် Covid-19 စောင့်ကြည့်လူနာ (၃)ဦးမှာ ဓါတ်ခွဲစစ်ဆေးနေချိန် သေဆုံးခဲ့သည်။ သို့သော် ဓါတ်ခွဲ စစ်ဆေးချက်အရ သေဆုံးသူနှင့် သံသယလူနာများအပါအဝင် လူနာ (၇၅)ဦးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဘဲ တစ်ဦးမှာ ဓါတ်ခွဲစစ်ဆေးချက် အဖြေစောင့်ဆိုင်းနေကြောင်းနှင့် ကျန်(၅)ဦးမှာ ဓါတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ယနေ့ မတ်လ(၉)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးဘဲ လူနာအချို့ကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ကမ္ဘာတဝန်း Covid-19 ရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်နှင့် သေဆုံးသူ (၃၅၀၀)ကျော်အထိ ရှိနေသည်။
Image may contain: outdoor
ref-Mandalay Indepth News
>>Zawgyi<<
မန္တလေးတွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦး ထပ်တိုး၊ မန္တလေးဆေးရုံမှ ဆရာဝန်နှင့် အမရပူရမှ လူနာတွင် ရောဂါပိုး မတွေ့

မန္တလေးမြို့တွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦးထပ်တိုးပြီး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ဓါတ်ခွဲစစ်ဆေးချက် အဖြေအရ မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် အပါအဝင် ယခင် စောင့်ကြည့်လူနာ နှစ်ဦးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၉ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ သီးခြားထားရှိ ကုသပေးလျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် တစ်လခန့်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် လက္ခဏာများခံစားခဲ့ရပြီး လွန်ခဲ့သော နှစ်ပတ်ခန့်တွင် ချောင်းဆိုးသွေးပါခြင်း ဝေဒနာခံစားခဲ့ရသဖြင့် မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသခဲ့ကြောင်း၊ ၎င်းမှာ သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်၊ လွန်ခဲ့သော (၁၄)ရက်အတွင်း ခရီးသွားရာဇဝင် မရှိသော်လည်း လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ကြောင်းနှင့် ၎င်းအား သီးခြားထားရှိ ကုသမှုပေးလျက်ရှိကာ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် Covid-19 စောင့်ကြည့် လူနာများအဖြစ် သတ်မှတ်ကာ မန္တလေး ကန်တော်နဒီဆေးရုံ၌ သီးခြားထားရှိပြီး ဓါတ်ခွဲစစ်ဆေးခဲ့သည့် မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနမှ အသက်(၂၅)နှစ်အရွယ် လက်ထောက်ဆရာဝန် အမျိုးသားနှင့် အမရပူရမြို့နယ်တွင် နေထိုင်သည့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ဓါတ်ခွဲအဖြေအရ Covid-19 ရောဂါပိုး မတွေ့ရှိဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုလအတွင်း မန္တလေး ကန်တော်နင်္ဒီ ဆေးရုံသို့ ရောက်ရှိလာသည့် Covid-19 စောင့်ကြည့်လူနာ (၆)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးပြီးစီးသည့် လူနာ(၅)ဦးလုံးတွင် ရောဂါပိုးမတွေ့ရှိဘဲ ယနေ့ ထပ်တိုးရောက်ရှိလာသည့် အောင်မြေသာစံမြို့နယ်မှ လူနာအမျိုးသမီးကိုမူ ဓါတ်ခွဲစစ်ဆေးရဦးမည် ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းစောင့်ကြည့်လူနာများအနက် မဟာအောင်မြေမြို့နယ်နေ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
မန္တလေးကန်တော်နဒီ ဆေးရုံသို့ ရောက်ရှိလာသည့် စောင့်ကြည့်လူနာများ အပါအဝင် မန္တလေးတစ်တိုင်းလုံးတွင် ဇန်နဝါရီမှ ယနေ့ မတ်လ(၉)ရက်အထိ Covid-19 စောင့်ကြည့်လူနာ (၁၄)ဦးရှိခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ မရှိဟု ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံတွင်း ယနေ့ မတ်လ(၉)ရက်အထိ သံသယလူနာ (၂)ဦးအပါအဝင် Cpvid-19 စောင့်ကြည့်လူနာ (၈၁)ဦးအထိ ရှိခဲ့သည်။ ယင်းတို့အနက် Covid-19 စောင့်ကြည့်လူနာ (၃)ဦးမှာ ဓါတ်ခွဲစစ်ဆေးနေချိန် သေဆုံးခဲ့သည်။ သို့သော် ဓါတ်ခွဲ စစ်ဆေးချက်အရ သေဆုံးသူနှင့် သံသယလူနာများအပါအဝင် လူနာ (၇၅)ဦးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဘဲ တစ်ဦးမှာ ဓါတ်ခွဲစစ်ဆေးချက် အဖြေစောင့်ဆိုင်းနေကြောင်းနှင့် ကျန်(၅)ဦးမှာ ဓါတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ယနေ့ မတ်လ(၉)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးဘဲ လူနာအချို့ကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ကမ္ဘာတဝန်း Covid-19 ရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်နှင့် သေဆုံးသူ (၃၅၀၀)ကျော်အထိ ရှိနေသည်။
ref-Mandalay Indepth News

No comments:

Post a Comment

My Blog List