Tuesday, February 09, 2016

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် လက်တွဲတော့မည် မဟုတ် ဟု ရခိုင်အမျိုးသားပါတီ ကြေညာချက်ထုတ်ပြန်


ရခိုင်အမျိုးသား ပါတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် လက်တွဲတော့မည်မဟုတ်ဘဲညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) နှင့်သာ ဆက်လက် လက်တွဲသွားမည် ဖြစ်ကြောင်း စစ်တွေမြို့တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
“အစည်းအဝေးမှာ UNAနဲ့မပေါင်းတော့ဘူး။ NBF နဲ့ပဲသွားတော့မယ် လို့ဆုံးဖြတ်လိုက်တယ်။ လိုင်းနှစ်လိုင်းမပူးချင်လို့။ ပြီးတော့ UNA ရဲ့မူနဲ့ ကျွန်တော်တို့မူနဲ့လည်း သိပ်မကိုက်ညီလို့”ဟု ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းက The Ladies သို့ပြောသည်။

တိုင်းရင်းသားပါတီများ အချင်းချင်း မဟာမိတ်ဖွဲ့သည့်အခါတွင် UNA နှင့် NBF သည် လမ်းကြောင်း မတူညီခြင်းကြောင့် ANP အနေဖြင့် တစ်ဖက်ဖက် ကို ဖျက်ရမည့်သဘောဖြစ်ရာ ယခင်က နှစ်ဖွဲ့စလုံးနှင့် ဆက်ဆံခဲ့သော်လည်း တစ်ဖွဲ့ဖွဲ့ကို ရွေးချယ်ရမည့် အနေအထားသို့ ရောက်ရှိလာခြင်းကြောင့် ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည် ဟုလည်း ဦးဖေသန်းကဆိုသည်။

“နှစ်ဖွဲ့မှာ တစ်ဖွဲ့ဖွဲ့ကို ရွေးချယ်ရမယ့် အနေအထားမျိုး ရောက်လာတယ်။ NBF ကလည်း တောင်းဆိုလာတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရွေးကောက် ပွဲမတိုင်ခင်မှာ ပြသ၁နာမရှိအောင် နောက်ဆုတ်ထားခဲ့တာပေါ့။ ရွေးကောက် ပွဲ ပြီးတဲ့အခါမှာ တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုပြီဆိုတဲ့ သဘောမျိုးနဲ့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးဖေသန်းက ဆက်လက် ပြောကြား ခဲ့သည်။

ရခိုင်အမျိုးသားပါတီ၏ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်သည့် သဘောထား ကြေညာချက်တွင် ရခိုင်အမျိုးသားပါတီသည် UNA အဖွဲ့နှင့် မဟာမိတ်ဆက် ဆံမှုကို ရပ်စဲ၍ ရခိုင်အမျိုးသားတို့၏ သမိုင်းဖြစ်စဉ်၊ လူမှုဘ၀ဖြတ်သန်းမှု အခြေအနေအရပ်ရပ်ကို စာနာနားလည် အားပေးကူညီမှုရှိပြီး ညီနောင်တိုင်း ရင်းသား ပြည်သူများ၏ အကျိုးအတွက် လွတ်လပ်အနှောင်အဖွဲ့ ကင်းစွာ ဆောင်ရွက် နေသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့်သာ အခိုင်အမာ လက်တွဲ ဆောင်ရွက်မည် ဟု ဖော်ပြထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List