Tuesday, February 09, 2016

မီးဘေးသင့် ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များ နေ့တွက် စရိတ်ဖြင့် ကျပ်သိန်း ၁၂၀ ကျော် လှူဒါန်း


ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တို့ အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ငွေလှူဒါန်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။
“မီးဘေး အန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက စုပေါင်း လှူဒါန်းငွေဖြင့် ပါဝင် လှူဒါန်း ကြဖို့ အဆိုပြုလိုပါတယ် ” ဟု ၄င်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် နေ့တွက်စရိတ် အဖြစ် တစ်ရက် နှစ်သောင်းကျပ် ရရှိခြင်းဖြစ်ပြီး ယင်းတစ်နေ့စာ နေ့တွက်စရိတ်များကို စုပေါင်း လှူဒါန်း သွားမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက၏ အဆိုပြုချက်အား ကန့်ကွက်သူမရှိ ထောက်ခံခဲ့သည့်အတွက် ကိုယ်စားလှယ် ၆၄၈ ဦး၏ ယနေ့အတွက် ရရှိသည့် တစ်နေ့တာ နေ့တွက်စရိတ် စုစုပေါင်း ကျပ်သိန်း ၁၂,၉၆၀,၀၀၀ ကျပ်ကို လှူဒါန်းသွားမည် ဖြစ်သည်။

သတင်း - ကိုပေါက်
Photo - MMK
The Ladies News Journal


No comments:

Post a Comment

My Blog List