Tuesday, February 09, 2016

နန်းမြတ်ကို အဆိုတော်အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ရော တွဲမြင်ပြီး အားပေးပေးပါ နန်းမြတ်ဖြိုးသင်းနှင့် စကားစမြည်


လူငယ်သရုပ်ဆောင်များ ခေါင်းဆောင်ပြီး ဟာသသရုပ်ဆောင်များ အင်အား ကောင်းကောင်းဖြင့် ရိုက်ကူးထားသည့် ‘အီဖေကိုယ်တို့ ရွေးကောက်ပွဲ’ ဇာတ်ကားကို ရန်ကုန်အပါအ၀င် နယ်မြို့များ၌ ရုံတင်ပြသလျက် ရှိရာ ပရိသတ်အားပေးမှုရရှိနေသည်။ ထို့ကြောင့် ယင်းဇာတ်ကားတွင် အဓိက သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် နန်းမြတ်ဖြိုးသင်း ကို ယင်းဇာတ်ကားအကြောင်း အမှတ်တရများအပါအ၀င် ၎င်း၏အနုပညာ လှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
နန်းမြတ်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ် ကား‘အီဖေကိုယ်တို့ရွေးကောက် ပွဲ’ဟာ ပရိသတ်အားပေးမှုရနေ တာဆိုတော့ပရိသတ်ဆီက ဘယ် လိုအသံတွေပြန် ကြားရလဲ။

ပရိသတ်ဆီကတော့ အား ပေးသံတွေ၊ နန်းမြတ်ကို ‘ချိုအီ’ ဆိုပြီး ချစ်စနိုးနဲ့ ခေါ်တာလေးတွေတော့ ပြန်ကြားရပါတယ်။ အဲဒီ အတွက် အရမ်းလည်းကျေး ဇူးတင်ပါတယ်။

‘အီဖေကိုယ်တို့ရွေးကောက်ပွဲ’ ဇာတ်ကားနဲ့ပတ်သက်ပြီး ရိုက် ကူးရေးပိုင်းမှာ ဘယ်လိုအမှတ် တရတွေရှိခဲ့လဲ။

အမှတ်တရတွေကတော့ အ များကြီးရှိပါတယ်။ ဒီကားထဲမှာ ထူးထူးခြားခြား အမှတ်တရအနေ နဲ့ကတော့ ယမ်းဖောက်တဲ့အခန်း၊ သေတဲ့အခန်း၊ ကိုယ်က အတွေ့ အကြုံလည်းမရှိဘူး။ ပြီးတော့ ခန္ဓာကိုယ်ပေါ်မှာ ဖောက်မှာဆို တော့ တော်တော်လေးကြောက် နေတာပေါ့။ မရိုက်ခင်မှာ ၀ိုင်းပြီး ဆိုက်ကို ဖောက်တာ ကိုဇေရဲထက် နဲ့ ကိုညီထွဋ်ခေါင်။ ဟာ...အဲဒီလို ဆိုအဆင် မပြေဘူး။ ဒီအင်္ကျီဝတ် လို့မရဘူး။ ကြောက်ကြောက်လန့် လန့်နဲ့ တကယ်ရင်ခုန်နေတာ။ ကိုယ့် ရင်ခုန်သံကိုယ်ကြားရတယ် ဆိုတာ အဲဒီမှာတကယ်ပဲ။ ရိုက် လိုက်တော့လည်း တစ်ခါတည်း အဆင်ပြေသွား တယ်။ နှစ်ခါ လည်းပြန်ရိုက်လို့မရဘူး။ အင်္ကျီ မှာသွေးတွေနဲ့ဆိုတော့။ အဲဒါက တော့ အမှတ်တရဖြစ်ခဲ့တယ်။

အီဖေကိုယ်တို့ ရွေးကောက်ပွဲ ဇာတ်ကားဟာ နန်းမြတ်ဖြိုးသင်း ကို သရုပ် ဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတဲ့ဇာတ် ကားတစ်ကားလို့ ပြောလို့ရမလား။

ပရိသတ်က အမှတ်တရရှိ သွားတဲ့ကားလေးလို့ ပြောလို့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ နန်းမြတ်ရဲ့ ပထမဆုံးရုပ်ရှင်ကား။ ပြီးတော့ ကိုယ်ခေါင်းဆောင်အနေ နဲ့ ပါဝင်ခွင့်ရတဲ့ အရမ်းကိုထူးခြား တဲ့အခွင့်အရေးပါ။

ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ့်ဇာတ်ကားကို ပြန်ကြည့်တဲ့ အချိန်မှာကော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲ။

ကိုယ့်တစ်စိတ်တစ်ပိုင်းအ နေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ် ရင်တော့ တချို့နေရာလေးတွေမှာ ဒီလိုလေးပြင်ဆင်လိုက်ရင်ပို ကောင်းမယ်။ အပြင်အဆင်လေး တွေ၊ အထုံးအဖွဲ့လေးတွေ အဲဒါ လေးတွေကို ပြန်လုပ်ချင်တာလေး တွေ၊ ကိုယ့်ကိုယ်ကိုယ် အားမရ တတ်တာလေးတွေရှိပါတယ်။ ဒါ ပေမဲ့ဇာတ်ကားတစ်ကားလုံးအ နေနဲ့ကြည့်မယ်ဆိုရင်တော့ ဦးညီ (ဒါရိုက်တာ ညီညီထွန်းလွင်)ရဲ့ တကယ်ကောင်းတဲ့လက်ရာပါ။ လုံးဝပျင်းစရာမကောင်းဘဲ ဇာတ် ကားတစ်ကားလုံး တ၀ါးဝါးနဲ့ရယ် ရတဲ့ဇာတ်ကားလေးပါ။

ဇာတ်လမ်းတွဲတွေရိုက်ဖြစ်နေ တယ်ဆိုတော့ ဇာတ်လမ်းတွဲ ဘယ်နှခုလောက်ရိုက်ပြီးသွားပြီ လဲ၊ ဘယ်လိုဇာတ်လမ်းတွေလဲ၊ ဇာတ်ရုပ်တွေကိုကော ဘယ်လို ရွေးချယ်ဖြစ်မလဲ။

ဇာတ်လမ်းတွဲက အခုလေးခု မြောက်ရိုက်နေတယ်။ ငါးခု မြောက်က ‘ရွှေမိုးငွေမိုးသွန်းဖြိုးလို့ ရွာ’ဆိုတာ မီဒီယာဆဲဗင်းကရိုက် မှာ။ ဧပြီလထဲမှာ ရိုက်ဖို့လက်ခံ ထားတယ်။ ဇာတ်လမ်းတွဲ ရိုက်ဖူး တဲ့ငါးခုမှာ တစ်ခုနဲ့တစ်ခုတော့ မ တူဘူး။ သုံးခုကတော့ရိုက်ပြီးသွား ပြီ။ ပထမဆုံးဇာတ်လမ်းတွဲမှာဆို ရင် ဆင်းဆင်းရဲရဲကောင်မလေး၊ ‘၀ါစိမ်းနီ’ထဲမှာဆိုရင်မင်းသမီးရူး၊ ဆတ်စလူးကောင်မလေး။ ကိုဝိုင်း နဲ့ဇာတ်လမ်းတွဲမှာဆိုရင် နန်းမြတ် က သူဌေးသမီး၊အရမ်းသံယောဇဉ် ကြီးတတ်တဲ့ကောင်မလေး။ အခုရိုက်နေတဲ့ ဇာတ်လမ်းတွဲမှာ ဆိုရင် ဟိုတယ်လုပ်ငန်းတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဦး ဆောင်နေတဲ့ မိန်းကလေးပုံစံမျိုး၊ ခပ်ကြမ်းကြမ်း ကောင်မလေး။ ‘‘ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ’’မှာ ဆိုရင် နန်းမြတ်က သာမန်ဝန် ထမ်းကောင်မလေးပုံစံ။ လူလတ် တန်းစားဘ၀ကို ရိုက်ပြမယ့်ဇာတ် ကား။

ဂီတဘက်မှာကော ဘာတွေလုပ် ဖြစ်နေလဲ။ တစ်ကိုယ်တော်အခွေ ကောလုပ်နေပြီလား။

နန်းမြတ်အခွေအတွက် သီ ချင်းလုပ်နေတယ်။ Mini Album ပဲထုတ်ဖြစ်မှာပါ။ လေးလပိုင်း၊ ငါးလပိုင်းလောက်ဖြစ်လိမ့်မယ် ထင်တယ်။ လောလောဆယ် တော့ သီချင်းတွေစုနေတယ်။ သီချင်းပုံစံလေးတွေ၊ စတိုင်လေး တွေသေချာရွေးနေတယ်။ ပထမ အခွေတွေနဲ့ မတူဘဲ ဒုတိယအခွေ မှာကျတော့ လူငယ်ဆန်ပြီး မြူး မြူးကြွကြွပုံစံလေးတွေစဉ်းစား ထားတယ်။ လောလောဆယ် တော့ ပျဉ်းမနား၊ မန္တလေး၊ ပြင် ဦးလွင်ကိုသွားဖို့ရှိတယ်။ နယ် ဖျော်ဖြေပွဲနဲ့ ရန်ကုန်ပွဲက နည်း နည်းတော့ကွာတယ်။ နယ်ပရိ သတ်ကျတော့ အနုပညာရှင်တွေ ကို တွေ့ရခဲတယ်။ တစ်ခါတလေ မှ တွေ့ရတော့အားပေးမှုပိုအား ကောင်းတယ်။

ပထမအခွေနဲ့ပတ်သက်ပြီး ဝေ ဖန်မှုတွေလည်းရှိမှာပဲဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုပြင်ဆင် ထားတာမျိုးရှိလဲ။

နန်းမြတ်တို့ရဲ့ ပထမဆုံးခြေ လှမ်းအနေနဲ့ ပရိသတ်အားပေးမှု ရခဲ့ပါတယ်။ အတိုင်းအတာတစ်ခု အထိ ကျေနပ်မှုပေးနိုင်ခဲ့တယ်။ ဒုတိယအခွေမှာတော့ ပိုပြီးတာ ၀န်ကြီးတယ်။ ဘယ်လိုပုံစံလေး တွေဆိုပါ၊ ဘယ်သီချင်းကတော့ ကိုယ်နဲ့လိုက်တယ်ဆိုတာမျိုး မှတ် ချက်လေးတွေတော့ ရပါတယ်။ အရှေ့အခွေမှာတော့ Cute ပုံစံ လေးတွေပိုများတယ်။ ဒီအခွေမှာ ကျတော့ Pop ပုံစံလေးတွေပါ မယ်။ နောက်ပြီး အမြူးချည်းပဲမ ဟုတ်ဘဲ အဆွေးသီချင်းဆိုရင် လည်း အနှေးလေးတွေပါမယ်။

ဂီတဘက်မှာရော ရုပ်ရှင်ဘက်မှာ ပါ အားပေးနေတဲ့ပရိသတ်တွေအ တွက်စကားလက်ဆောင်လေး ပြောပေးပါဦး။

နန်းမြတ်ရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီးကို လာရောက် ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နန်းမြတ်ရဲ့ လိုအပ်ချက်တွေ ပိုကောင်းစေချင် တာလေးတွေကို ဝေဖန်အကြံပြု ပေးဖို့ မေတ္တာရပ်ခံပါတယ်။ နန်း မြတ်သီချင်းအခွေလည်း ဆက်ပြီး လုပ်သွားပါမယ်။ နန်းမြတ်ကို သရုပ်ဆောင်အနေနဲ့ရော၊ အဆို တော်အနေနဲ့ရော တွဲမြင်ပြီးအား ပေးပေးပါလို့။ ပိုပြီးကြိုးစားပါ့မယ် လို့။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List