Tuesday, February 09, 2016

ပဲခူးတက္ကသိုလ် ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်အကြိုပွဲတွင် ကျောင်းသားများဆန္ဒထုတ်ဖော်


ပဲခူးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၁) နှစ်မြောက် မွေးနေ့အကြို ဟောပြောပွဲနှင့်ကဗျာရွတ်ဆိုပွဲတွင် ပါမောက္ခချုပ်ဟောပြော နေစဉ် ကျောင်းသားအချို့က ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အကြိုဟောပြောပွဲအတွက် စာရေးဆရာများ အား ဖိတ်ခေါ်ရန် ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါမောက္ခချုပ် ထံ စာတင်ခဲ့သော်လည်း စာရေးဆရာများ၏ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာကို တောင်းခံခဲ့သောကြောင့် ဟောပြောပွဲနေ့တွင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ မပန်ပန်ဖူး သက်နိုင်က ပြောသည်။
‘‘ဘယ်ဟောပြောပွဲမှာမှ ထောက်ခံစာမတောင်းပါဘူး။ ကျောင်းက ဆရာ တွေပဲ ဟောပြောမယ်။ ကျွန်မတို့နဲ့ ဆွေးနွေး ခြင်းမရှိဘဲ ၈ ရက်နေ့မှာ ပွဲလုပ် မယ်။ ကျွန်မတို့အနေနဲ့ ပါဝင်ချင် ရင် ကဗျာရွတ်လို့ပြောတယ်။ အဲ ဒါကြောင့် ကျွန်မတို့အနေနဲ့ ကဗျာရွတ်မယ်ဆိုပြီး ပြောခဲ့တယ်။နောက်ကဗျာခြောက်ပုဒ် သွားတင် ခဲ့ပါတယ်။ ဒီသောကြာနေ့က ကျွန်မတို့သွားထပ်တွေ့တော့ ကဗျာတစ်ပုဒ်ပဲ ရွတ်ခွင့်ပေးတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောင်းသားအချို့က ‘‘ကျောင်းသားဆန္ဒကို အလေး ထားပါ’’၊ ကျောင်းသား သမဂ္ဂသည် အဖိနှိပ်ခံအဖွဲ့အစည်းမ ဟုတ်’’၊ ‘‘အာဏာရှင်စနစ်အလို မရှိ’’၊ ‘‘ဗဟိုချုပ်ကိုင်မှုစနစ် အလို မရှိ’’ စသည့်စာသားများပါရှိသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒပြ ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ပဲခူးတက္ကသိုလ်ပါမောက္ခ ချုပ်ဟောပြောနေစဉ် ၁၅ မိနစ်ခန့် ဆန္ဒထုတ်ဖော် ခဲ့ပြီး ပါမောက္ခချုပ် သည် ဟောပြောမှုကို ပြီးဆုံးသည် အထိ ပြုလုပ်ခဲ့ ကြောင်း ယင်းတ က္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုဟိန်း ထက်နိုင်က ပြောသည်။

‘‘ပါမောက္ခချုပ်ပြောတဲ့အ ချိန်ပဲ သမဂ္ဂက ကျောင်းသားတွေ ဆန္ဒထပြတာ။ အဲဒီအချိန်မှာ ပါ မောက္ခချုပ်က စကားနည်းနည်း ပြောသေးတယ်။ နောက်ပြီး သူ ပြောစရာရှိတာ ပြီးအောင် ဆက် ပြောတယ်။ သမဂ္ဂကျောင်းသား တွေ ဟောပြောခန်းမထဲက ထွက် သွားတော့ မော်ကွန်းထိန်းနဲ့ ဌာန မှူးတွေ စကားလိုက်ပြောတာ တွေ့ရတယ်’’ဟု ကိုဟိန်းထက်နိုင် က ဆက်လက်ပြော ကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List