Tuesday, February 09, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသန္တရဥပဒေများ ထွက်ပေါ်ရေး ဦးစားပေးလုပ်ဆောင်မည်ဟု ဒေါ်စန္ဒာမင်း ဆို


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသန္တရဥပဒေများ ထွက်ပေါ်လာစေရေးအတွက် ဦးစားပေး ကြိုးပမ်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲန္ဒနယ်အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအပြင် အခြားသော ကိစ္စရပ်များအတွက် ဒေသန္တရဥပဒေများ ပေါ်ထွက်လာရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဒေါ်စန္ဒာမင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တိုင်ပင်ထားတာရှိတယ်။ အများကြီးဆွေးနွေးထားတယ်။သက်ဆိုင်ရာကော် မတီအနေနဲ့ အဆိုတင်သွင်းသွား မယ်။ ကော်မတီတွေ ဖွဲ့ပြီးမှပဲ လုပ်လို့ရ မယ်။ တိုင်းတစ်တိုင်းလုံးအတွက် လုပ်ဆောင်ထားတာတော့ မရှိသေးဘူး။ ကိုယ့်မြို့နယ် အတွက်ပဲ လုပ်ထားတာ ရှိပါတယ် ”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်ကြောကျပ်တည်းသည့် ပြသ၁နာများနှင့် ပြည်သူများခံစားနေရ သည့် ပြဿနာများကို ဖြေလျှော့ ပေးနိုင်ရန် အတွက်လည်း အဆိုတင်သွင်းသွားရန် ရှိနေကြောင်း သိရသည်။

“ယာဉ်ကြော ကျပ်တည်းနေတဲ့ ကိစ္စတွေ၊ ပြည်သူလူထု ပထမဆုံးခံစား နေရတဲ့ဒုက္ခတွေကို ဖြေရှင်းရမယ်။ ယာဉ်ကြော ကျပ်တည်းတဲ့ကိစ္စက နဂိုကတည်းကိုက စီမံချက်နဲ့ ကားတွေကို တင်သွင်းခွင့်ပြုခဲ့၊ ရောင်းချပေးခဲ့တာ မဟုတ်ဘူးလေ။ အဲဒီအတွက် ဆိုးကျိုးတွေကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးနိုင်မယ့် ကိစ္စမဟုတ်ဘူး။ စီမံချက်တွေ ရေးဆွဲရမယ်။ စီမံချက်တွေ ရေးဆွဲဖို့ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ဆွေးနွေးတယ်။ ချက်ချင်း ပြန်ပြင်ဖို့ဆိုတာ အချိန်ယူရလိမ့်မယ်”ဟု ဒေါ်စန္ဒာမင်းကပြောသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦး တက်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List