Tuesday, February 09, 2016

မကွေးတိုင်း ၀န်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ဒေါက်တာအောင်မိုးညို လွှတ်တော်သို့ သက်သေခံကဒ်ပြား မဆွဲလာ၍ စစ်ဆေးခံရ


မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦးတွင် ပါဝင်သူလည်းဖြစ်သူ ဒေါက်တာအောင်မိုးညိုအား ဖေဖော်ဝါရီ ၈ရက်နေ့က တိုင်းလွှတ်တော်ရုံး ၀င်ပေါက်အနီးတွင် ရဲမှူးတစ်ဦးပါဝင်သောအဖွဲ့က လုံခြုံရေးအရ စစ်ဆေးခဲ့ ကြောင်း သိရသည်။
လွှတ်တော်ဝင်ပေါက်အ၀တွင် လွှတ်တော်ကိုယ်စားလှယ် သက်သေခံ ကဒ်ပြားဆွဲလာခြင်း မရှိသောကြောင့် လုံခြုံရေးရယူထားသော ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူနှင့် လွှတ်တော်ရုံးအဖွဲ့ဝင်တဦးတို့က သက်သေခံကဒ်ပြား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List