Wednesday, January 23, 2013

ရန်ကုန်မြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်း၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေမည့် ရထားပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန် အဆိုပြုထား

Photo: ရန်ကုန်မြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်း၌ ယာဉ်ကြောပိတ်ဆို့မှုများ
လျော့နည်းစေမည့် ရထားပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန် အဆိုပြုထား
Tuesday, January 22, 2013

ရန်ကုန်မြို့တော်၏ အနာဂတ် မြို့ပြစီမံကိန်း၌ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေမည့် ရထားပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန်အတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် အဆိုပြုတင်ပြထားကြောင်း သိရသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ စီမံကိန်းအတွက် ၃၉ မြို့နယ်ရှိ အိမ်ထောင်စုများအားလေ့လာစစ်တမ်း
ကောက်ယူမှုများကို ပြုလုပ်ကာ ကြားဖြတ်အစီရင်ခံစာ (၂) ကို ဇန်န၀ါရီ လဆန်းပိုင်းတွင် စီမံကိန်း ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိ ရထားပို့ဆောင်ရေးစနစ်အား အသုံးပြုသူ ၃၀ ရာခိုင်နှုန်းသာ ရှိနေပြီး ယာဉ်ကြောကြပ်တည်းမှုများအား ဖြေရှင်းနိုင်သော ပို့ဆောင်ရေးဖြစ်သည့် ရထားပို့ဆောင်ရေး စနစ်ဖြင့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် အဆိုပြုခြင်းဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး
စနစ်တွင် လက်ရှိ ရန်ကုန်ဧရိယာအတွင်း ရထားလမ်း အရှည် ၁၂၂ ကီလိုမီတာအား ခေတ်မီအောင် ပြုပြင်ခြင်းအပြင် အမြန်ရထားလိုင်းများ ထပ်မံတိုးချဲ့ရန်အတွက် ကြားဖြတ်အစီရင်ခံစာ (၂) တွင် အဆိုပြုထားသည်။

ယင်းအတွက် ရထားလမ်းအရှည်မှာ စုစုပေါင်း ၃၅၀ ကီလိုမီတာခန့် လိုအပ်ကြောင်း၊ ယခုလက်ရှိ ၁၂၂ ကီလိုမီတာ ရှိသောကြောင့် ၂၃၂ ကီလိုမီတာခန့် ထပ်မံတိုးချဲ့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရထားများ၏ သွားနှုန်းကိုလည်း လက်ရှိ ၁၅ ကီလိုမီတာမှ ၃၀ ကီလိုမီတာအထိ တိုးမြှင့်ရေးကိုလည်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် တင်ပြထားသည်။

ရထားပို့ဆောင်ရေး တိုးမြှင့်ရန်အတွက် အလျှင်အမြန် ပြုလုပ်ရမည့် လုပ်ငန်းများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေရန် ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာအကြား ကျဉ်းမြောင်းနေသည့် ရထားလမ်းအား တိုးချဲ့ခြင်း၊ မြို့ပတ်ရထား အချက်ပြဆက်သွယ်ရေး စနစ်အား အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကာလတိုလုပ်ငန်း
အနေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင်တင်ခြင်း လုပ်ငန်း ပထမပိုင်းအဖြစ် ရန်ကုန်အနောက်ဘက်ခြမ်း တစ်ဝက်အား ရထားလမ်းများဖြင့် ဆက်သွယ်ပေးရန် အဆိုပြုတင်ပြထားကြောင်း သိရသည်။

လာမည့် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ရထားသယ်ယူပို့ဆောင်ရေး
စနစ်တွင် တစ်နှစ်ခရီးစဉ် အကြိမ်ရေအတွက်ပေါင်း ၆ သန်းခန့် အသုံးပြုနိုင်ရန် ပြုလုပ်မည်ဟု ခန့်မှန်းထားကြောင်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် တင်ပြထားသည်။

ယင်းကြားဖြတ်အစီရင်ခံစာအပေါ် အခြေခံကာ မဟာရန်ကုန် မြို့ပြစီမံကိန်း ရေးဆွဲမည်ဖြစ်ပြီး စီမံကိန်းအား ဂျပန်အစိုးရအား တင်ပြမည်ဖြစ်ကာ စီမံကိန်းပေါ်မူတည်၍ ဂျပန်အစိုးရမှ ဘတ်ဂျတ်ပေါ်
မူတည်၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကူညီထောက်ပံ့ရာ
တွင်လည်း လုံးဝကူညီထောက်ပံ့ငွေနှင့် ချေးငွေများဖြင့် ကူညီမည်ဟု သိရသည်။

Eleven Media Group ရန်ကုန်မြို့တော်၏အနာဂတ်မြို့ပြစီမံကိန်း၌ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေမည့် ရထား ပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန်အတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် အဆိုပြု တင်ပြ ထားကြောင်း သိရသည်။ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ စီမံကိန်းအတွက် ၃၉ မြို့နယ်ရှိ အိမ်ထောင်စုများအားလေ့လာစစ်တမ်း
ကောက်ယူမှုများကို ပြုလုပ်ကာ ကြားဖြတ်အစီရင်ခံစာ (၂) ကို ဇန်န၀ါရီ လဆန်းပိုင်းတွင် စီမံကိန်း ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိ ရထားပို့ဆောင်ရေးစနစ်အား အသုံးပြုသူ ၃၀ ရာခိုင်နှုန်းသာ ရှိနေပြီး ယာဉ်ကြောကြပ်တည်းမှုများအားဖြေရှင်းနိုင်သောပို့ဆောင်ရေးဖြစ်သည့်ရထားပို့ဆောင်ရေးစနစ်ဖြင့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် အဆိုပြုခြင်းဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်တွင် လက်ရှိ ရန်ကုန်ဧရိယာ အတွင်း ရထားလမ်း အရှည် ၁၂၂ ကီလိုမီတာအား ခေတ်မီအောင် ပြုပြင်ခြင်းအပြင် အမြန်ရထားလိုင်းများ ထပ်မံတိုးချဲ့ရန်အတွက် ကြားဖြတ်အစီရင်ခံစာ (၂) တွင် အဆိုပြုထားသည်။

ယင်းအတွက် ရထားလမ်းအရှည်မှာ စုစုပေါင်း ၃၅၀ ကီလိုမီတာခန့် လိုအပ်ကြောင်း၊ ယခုလက်ရှိ ၁၂၂ ကီလိုမီတာ ရှိသောကြောင့် ၂၃၂ ကီလိုမီတာခန့် ထပ်မံတိုးချဲ့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရထားများ၏ သွားနှုန်းကိုလည်း လက်ရှိ ၁၅ ကီလိုမီတာမှ ၃၀ ကီလိုမီတာအထိ တိုးမြှင့်ရေးကိုလည်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် တင်ပြထားသည်။

ရထားပို့ဆောင်ရေး တိုးမြှင့်ရန်အတွက် အလျှင်အမြန် ပြုလုပ်ရမည့် လုပ်ငန်းများအနေဖြင့် ယာဉ်ကြော ပိတ်ဆို့မှု သက်သာစေရန် ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာအကြား ကျဉ်းမြောင်းနေသည့် ရထားလမ်းအား တိုးချဲ့ခြင်း၊ မြို့ပတ်ရထား အချက်ပြ ဆက်သွယ်ရေး စနစ်အား အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကာလတိုလုပ်ငန်းအနေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင်တင်ခြင်း လုပ်ငန်း ပထမပိုင်းအဖြစ် ရန်ကုန်အနောက်ဘက်ခြမ်း တစ်ဝက်အား ရထားလမ်းများဖြင့် ဆက်သွယ်ပေးရန် အဆိုပြုတင်ပြထားကြောင်း သိရသည်။

လာမည့် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ရထားသယ်ယူပို့ဆောင်ရေးစနစ်တွင် တစ်နှစ်ခရီးစဉ် အကြိမ်ရေအတွက်ပေါင်း ၆ သန်းခန့် အသုံးပြုနိုင်ရန် ပြုလုပ်မည်ဟု ခန့်မှန်းထားကြောင်း ကြားဖြတ် အစီရင်ခံစာ (၂) တွင် တင်ပြထားသည်။

ယင်းကြားဖြတ်အစီရင်ခံစာအပေါ် အခြေခံကာ မဟာရန်ကုန် မြို့ပြစီမံကိန်း ရေးဆွဲမည်ဖြစ်ပြီး စီမံကိန်းအား ဂျပန်အစိုးရအား တင်ပြမည်ဖြစ်ကာ စီမံကိန်းပေါ်မူတည်၍ ဂျပန်အစိုးရမှ ဘတ်ဂျတ်ပေါ်မူတည်၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ကူညီထောက်ပံ့ရာတွင်လည်းလုံးဝကူညီထောက်ပံ့ငွေနှင့် ချေးငွေများဖြင့် ကူညီမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List