Wednesday, January 23, 2013

လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက် မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

Photo: လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်
မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား 
Tuesday, January 22, 2013 

လာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်
မည် ဖြစ်ပြီး ပြည်နယ်များတွင်လည်း ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြား
ခဲ့သည်။

“လူဦးရေနဲ့ ဆရာဝန် အချိုးမျှတဖို့အတွက် ဆရာဝန်တွေ များများ
မွေးထုတ်နိုင်ဖို့ ဆေးတက္ကသိုလ် ကျောင်းအသစ်တွေ ထပ်မံ တည်ဆောက် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ်က စပြီး တောင်ကြီးမှာ စတင်
တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်နယ်တွေမှာ ဖွင့်ခွင့်ရဖို့ ဆောင်ရွက်မှာပါ။ အစိုးရပိုင်းက ပြေလျှော့မှုတွေ ပြုလုပ်ပြီး
အပြည့် ခန့်အပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ် တက်ရောက် အောင်မြင်ပြီးသူ အားလုံးကို မည်သည့် နိုင်ငံတွင်မျှ ခန့်အပ် အလုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယမန်နှစ်တွင် ဆရာဝန် ၅၀၀ ဦး၊ ယခုနှစ်တွင် ဆရာဝန် ၁၅၀၀ ဦး ခန့်အပ်ထားပြီး လာမည့်နှစ်များတွင် အောင်မြင်ပြီးသူ အားလုံးအား အလုပ်ခန့်ထားရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

“ဆရာဝန်လောင်း ၂၀၀၀ ခန့်ကို တက္ကသိုလ်လေးခုကနေ မွေးထုတ်
နေရတာပါ။ ဆေးတက္ကသိုလ် ၁၀ ခု၊ အခု ၂၀ ကနေ မွေးထုတ်နေရတာ ဆိုရင် ကျောင်းသားနဲ့ ဆရာ၊ ကျောင်းအရေအတွက် မျှတမှာ
ဖြစ်ပါတယ်။ နိုင်ငံတကာ ဆေးတက္ကသိုလ်တွေမှာ တစ်ကျောင်းကို ၁၀၀ ဦး ကနေ ၂၀၀ ဦးအထိသာ အများဆုံး သင်ကြား မွေးထုတ် ပေးကြပါတယ်။ ကျွန်တော်တို့ ဆီမှာက ဆေးတက္ကသိုလ် တစ်ကျောင်းဟာ တစ်နှစ်ကို
ကျောင်းသား ၆၀၀ လောက် မွေးထုတ် နေရပါတယ်။ အဲဒီအခါမှာ ဆရာနဲ့ ကျောင်းသား အချိုးက မမျှတော့ဘူး။ အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့ အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀ လောက် မွေးထုတ် ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆေးတက္ကသိုလ် ကျောင်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ များကိုလည်း ယခင်ကကဲ့သို့ သတ်မှတ်ထားခြင်းများ မရှိတော့ဘဲ ‘ဆမ’ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။

“ဆေးတက္ကသိုလ် အသစ် တည်ဆောက်ဖို့ အတွက် ဦးဆုံးအနေနဲ့ မြို့လေးမြို့ကို ရွေးချယ်ထားပါတယ်။ အရင်ဆုံး တောင်ကြီးမြို့ကို လုပ်ဖို့လည်း စီစဉ်နေပါတယ်။ တောင်ကြီးမှာက လက်ရှိ စပ်စံထွန်း ပြည်သူ့ဆေးရုံ ရှိနေတဲ့အတွက် ဆေးတက္ကသိုလ်ဖွင့်ရင် အဲဒီဆေးရုံကို သင်ကြားရေး ဆေးရုံအဖြစ် တွဲဖက် အသုံးပြုသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။

ထို့အပြင် ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ
ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသား ဦးရေများကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ချခဲ့သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော
ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ် တို့ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် မွေးထုတ်သင်ကြား ပေးလျက်ရှိသည်။

ထို့အပြင် ယခုပညာသင်နှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ နှင့် သွားလာရေး ခက်ခဲသည့်
ဒေသများအတွက် ဆေးတက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများ
ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့် ရရှိသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။

လက်ရှိ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနအောက်ရှိ 
ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန် ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦးနှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅၃၈၀ 
ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

Eleven Media Groupလာမည့်နှစ်တွင် တောင်ကြီးမြို့၌ ဆေးတက္ကသိုလ် စတင်တည်ဆောက်
မည် ဖြစ်ပြီး ပြည်နယ်များတွင်လည်း ဆေးတက္ကသိုလ်များ ဖွင့်လှစ်နိုင် ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင် က ပြောကြား ခဲ့သည်။“လူဦးရေနဲ့ ဆရာဝန် အချိုးမျှတဖို့အတွက် ဆရာဝန်တွေ များများမွေးထုတ်နိုင်ဖို့ ဆေးတက္ကသိုလ် ကျောင်းအသစ်တွေ ထပ်မံ တည်ဆောက်ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ်က စပြီး တောင်ကြီး မှာ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်နယ်တွေမှာ ဖွင့်ခွင့်ရဖို့ ဆောင်ရွက်မှာပါ။ အစိုးရပိုင်းက ပြေလျှော့မှုတွေ ပြုလုပ်ပြီးအပြည့် ခန့်အပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ် တက်ရောက် အောင်မြင်ပြီးသူ အားလုံးကို မည်သည့် နိုင်ငံတွင်မျှ ခန့်အပ် အလုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ယမန်နှစ်တွင် ဆရာဝန် ၅၀၀ ဦး၊ ယခုနှစ်တွင် ဆရာဝန် ၁၅၀၀ ဦး ခန့်အပ်ထားပြီးလာမည့်နှစ်များတွင်အောင်မြင်ပြီးသူအားလုံးအားအလုပ်ခန့်ထားရန်အတွက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

“ဆရာဝန်လောင်း ၂၀၀၀ ခန့်ကို တက္ကသိုလ်လေးခုကနေ မွေးထုတ်နေရတာပါ။ ဆေးတက္ကသိုလ် ၁၀ ခု၊ အခု ၂၀ ကနေ မွေးထုတ်နေရတာ ဆိုရင် ကျောင်းသားနဲ့ ဆရာ၊ ကျောင်းအရေအတွက် မျှတမှာဖြစ်ပါ တယ်။ နိုင်ငံတကာ ဆေးတက္ကသိုလ်တွေမှာ တစ်ကျောင်းကို ၁၀၀ ဦး ကနေ ၂၀၀ ဦးအထိသာ အများဆုံး သင်ကြား မွေးထုတ် ပေးကြပါတယ်။ ကျွန်တော်တို့ ဆီမှာက ဆေးတက္ကသိုလ် တစ်ကျောင်းဟာ တစ်နှစ်ကို
ကျောင်းသား ၆၀၀ လောက် မွေးထုတ် နေရပါတယ်။ အဲဒီအခါမှာ ဆရာနဲ့ ကျောင်းသား အချိုးက မမျှတော့ဘူး။ အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့ အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀ လောက် မွေးထုတ် ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဆေးတက္က သိုလ် ကျောင်းတွေ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ် အောင်မြင်ပြီးသူ များကိုလည်း ယခင်ကကဲ့သို့ သတ်မှတ်ထားခြင်းများ မရှိတော့ဘဲ ‘ဆမ’ လက်မှတ်များကို ထုတ်ပေးနေကြောင်း သိရသည်။ “ဆေးတက္ကသိုလ် အသစ် တည်ဆောက်ဖို့ အတွက် ဦးဆုံးအနေနဲ့ မြို့လေးမြို့ကို ရွေးချယ်ထားပါတယ်။ အရင်ဆုံး တောင်ကြီးမြို့ကို လုပ်ဖို့လည်း စီစဉ်နေပါတယ်။ တောင်ကြီးမှာက လက်ရှိ စပ်စံထွန်း ပြည်သူ့ဆေးရုံ ရှိနေတဲ့ အတွက် ဆေးတက္ကသိုလ် ဖွင့်ရင် အဲဒီဆေးရုံကို သင်ကြားရေး ဆေးရုံအဖြစ် တွဲဖက် အသုံးပြုသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။

ထို့အပြင် ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသား ဦးရေများကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ချခဲ့သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသောဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ် တို့ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် မွေးထုတ်သင်ကြား ပေးလျက်ရှိသည်။

ထို့အပြင် ယခုပညာသင်နှစ်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ နှင့် သွားလာရေး ခက်ခဲသည့်ဒေသများအတွက် ဆေးတက္ကသိုလ် ၀င်ခွင့်လျှောက်လွှာ များ ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့် ရရှိသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။

လက်ရှိ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန် ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦးနှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅၃၈၀ ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List