Tuesday, January 22, 2013

ဂျပန်ကားကုမ္ပဏီအချို့ လက်ခစားအပ်ကုန်စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်မည့် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်မည်

ဂျပန်ကားကုမ္ပဏီအချို့ လက်ခစားအပ်ကုန်စနစ်ဖြင့် တပ်ဆင်
ထုတ်လုပ်မည့် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် 
Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်မည် 	
Tuesday, January 22, 2013

မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီအချို့
မြန်မာနိုင်ငံတွင် လက်ခစားအပ်ကုန်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်
ပြင်ဆင်လျက်ရှိပြီး အဆိုပါလုပ်ငန်းအချို့၏ ပို့ကုန်-သွင်းကုန် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း အမျိုးသား
စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ Toyota Tsusho Corporation မှ Project General Manager Mr. Yosuke Kido နှင့်
မော်တော်ယာဉ်နှင့် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဇန်န၀ါရီ ၁၉ ရက်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်မော်တော်ယာဉ် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်
အစိတ်အပိုင်းများ တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ခစားအပ်ကုန်စနစ် (CMP-Cutting, Making, Packing) ဖြင့်
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ကိုင်နိုင်ရန်အတွက် 
မြေငှားရမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သီလ၀ါ အထူးစီးပွားရေး
ဇုန်တွင် ဆောင်ရွက်လျက်ရှိသော အခြေအနေများကို ဆွေးနွေး
လျက်ရှိကြောင်း သိရသည်။

Toyota Tsusho Corporation သည် Toyota အုပ်စုတစ်ခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။

ထို့အတူ Toyota Tsusho Corporation ၏ မြန်မာနိုင်ငံရုံးခွဲ
သည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Trendy မော်တော်ယာဉ်
ရောင်းဝယ်ရေးလုပ်ငန်းနှင့် ချိတ်ဆက်ပြီး တိုယိုတာအမှတ်တံဆိပ် စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များကို တင်သွင်း ရောင်းဝယ်ရေး
လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် လက်ရှိ စက်ရုံအလုပ်ရုံသုံး 
Forklift များ စတင်တင်သွင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

တိုယိုတာအုပ်စုအနေနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး တိုယိုတာအပါအ၀င် နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူးကီး စသည့် မော်တော်ယာဉ် ကုမ္ပဏီတို့ကလည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်နိုင်ရန်
ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်းမှ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List