Wednesday, January 23, 2013

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company) အဖြစ် ပြောင်းလဲတော့မည်

Photo: အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company)
အဖြစ် ပြောင်းလဲတော့မည်
Tuesday, January 22, 2013 

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company)
အဖြစ် ပြောင်းလဲတော့မည် ဖြစ်ကြောင်းသိရသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပထမဆုံးဘဏ်ခွဲဖြစ်သည့်
နေပြည်တော်ဘဏ်ခွဲကို ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါတွင် ဘဏ်ခွဲ ၂၅ဘဏ်အထိ အောင်မြင်စွာ
ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါသည်။ ဆက်လက်၍ အနယ်နယ်အရပ်ရပ်တွင် ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်ရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ပြောင်းလဲလာသော စီးပွားရေးစနစ်များနှင့်အညီ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး
ဘဏ်ကို အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲရန်အတွက် ဘဏ်၏ ဒါရိုက်တာအဖွဲ့ (Board of Directors)မှ ဆုံးဖြတ်ခဲ့ပါသည်။

ယင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီဖြစ်ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနသို့ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားပြီးဖြစ်ပါသည်။ 

လိုအပ်သော စိစစ်မှုများကို သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်
လျက်ရှိသည်။အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန်အတွက်
ဘဏ်၏ ဒါရိုက်တာအဖွဲ့မှဆုံးဖြတ်ရာတွင် -
(၁) ကုမ္ပဏီဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်
အနေဖြင့် လုပ်ငန်းပိုင်ဆိုင်မှုတစ်စိတ်တစ်ဒေသကို ဝန်ထမ်းများအား
ပေးအပ်ရန်၊
(၂) အမြတ်အစွန်းရနေသောလုပ်ငန်းဖြစ်သဖြင့် ၄င်းအမြတ်အစွန်းကို အများပြည်သူသို့ မျှဝေခံစားခွင့်ပြုရန်၊
(၃) ပြောင်းလဲလာသော စီးပွားရေးစနစ်နှင့်အညီ အသစ်ဖြစ်ပေါ်လာမည့် MSEC (Myanmar Security Exchange Center)ကဲ့သို့သော
မြန်မာစတော့အိတ်ချိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စသည့် အချက်များကို အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AGD မှသတင်း
ထုတ်ပြန်ထားသည်။

t
Popular Myanmar News Journalအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အားအများပိုင်ဘဏ်(PublicCompany) အဖြစ် ပြောင်းလဲတော့မည် ဖြစ်ကြောင်းသိရသည်။ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ ပထမဆုံးဘဏ်ခွဲဖြစ်သည့်နေပြည်တော် ဘဏ်ခွဲကို ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါ တွင် ဘဏ်ခွဲ ၂၅ဘဏ်အထိ အောင်မြင်စွာဖွင့်လှစ်လုပ် ကိုင် လျက်ရှိပါ သည်။ ဆက်လက်၍ အနယ်နယ်အရပ်ရပ်တွင် ဘဏ်ခွဲများကို တိုးချဲ့ ဖွင့်လှစ်ရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။ပြောင်းလဲလာသော စီးပွားရေးစနစ်များနှင့်အညီ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ် အဖြစ်သို့ ပြောင်းလဲရန်အတွက် ဘဏ်၏ ဒါရိုက်တာအဖွဲ့ (Board of Directors)မှ ဆုံးဖြတ်ခဲ့ပါသည်။ ယင်း အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီဖြစ်ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားပြီးဖြစ်ပါသည်။
လိုအပ်သော စိစစ်မှုများကို သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်လျက်ရှိ သည်။အများပိုင် ဘဏ် အဖြစ် ပြောင်းလဲရန်အတွက်ဘဏ်၏ ဒါရိုက်တာအဖွဲ့မှဆုံးဖြတ်ရာတွင် -
(၁) ကုမ္ပဏီဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် လုပ်ငန်းပိုင်ဆိုင် မှုတစ်စိတ်တစ်ဒေသကို ဝန်ထမ်းများအားပေးအပ်ရန်၊
(၂) အမြတ်အစွန်းရနေသောလုပ်ငန်းဖြစ်သဖြင့် ၄င်းအမြတ်အစွန်းကို အများပြည်သူသို့ မျှဝေခံစား ခွင့်ပြု ရန်၊
(၃) ပြောင်းလဲလာသော စီးပွားရေးစနစ်နှင့်အညီ အသစ်ဖြစ်ပေါ်လာမည့် MSEC (Myanmar Security Exchange Center)ကဲ့သို့သောမြန်မာစတော့အိတ်ချိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စသည့် အချက် များကို အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AGD မှသတင်းထုတ်ပြန်ထားသည်။

t
Popular Myanmar News Journal

No comments:

Post a Comment

My Blog List