
ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် အင်တာနက်သတင်းများ၌ တွေ့ရှိရသည့် မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ
်ပြုထားခြင်းသတင်းနှင့်ပတ်သက်ပြီးတောင်သာနှင့် တောင် သာမြို့နယ် ၀ဲလောင်ရွာရှိ
ဒေသခံပြည်သူများမှ လုံးဝလက်မခံကြောင်း သိရှိရသည်။ ၀ဲလောင်ကျေးရွာနေ
ရပ်မိရပ်ဖ အငြိမ်းစားကျောင်း ဆရာကြီး ဦလှကျော်မှ ၄င်းသတင်းနှင့်ပတ်သက်ပြီး
လုံးဝမှန်ကန်မှု မရှိကြောင်း၊ ၄င်းအင်တာနက်သတင်းသည်
ဝန်ကြီးဟောင်း ဦးအောင်သောင်းအား မနာလိုအပုတ်ချလိုသူများမှ
လုပ်ကြံဖန်တီး ထားခြင်း ဖြစ်ကြောင်း၊ ၀ဲလောင်ကျေးရွာတွင် အိမ်ခြေ
(၃၀၀)ခန့်ရှိပြီး အင်တာနက်သတင်းပါ မအေးမို့မို့လှိုင် ဟူသောအမည်
ဝဲလောင်ရွာတွင် မရှိကြောင်း၊ ၄င်းသတင်းနှင့်ပတ်သက်ပြီး
သံသယရှိသူ များအနေဖြင့် အချိန်မရွေး လာရောက်စုံစမ်းနိုင်ကြောင်း
ပြောဆိုသွားသည်။ ထို့ပြင် ၀ဲလောင်ကျေးရွာ ရွှေဥမင်ဘုန်းကြီးကျောင်း
ကျောင်းထိုင် ဆရာတော် ဦးဓမ္မ၀ံသ မှလည်း ၄င်းသတင်း မမှန်ပါကြောင်း၊
ဦးအောင်သောင်းအား တောင်သာတစ်မြို့နယ်လုံးမှ ချစ်ခင်ကြကြောင်း၊ ဆရာတော်မှ
ဝန်ကြီးဟောင်းဦးအောင်သောင်းဟာ ၀ဲလောင်ရွာသားပါ။သူ့ကြောင့် ဒီဒေသတွေ
ဘာသာသာသနာ ထွန်းကားပြီး ကျန်းမာရေး ပညာရေး အလုံးစုံတိုးတက်လာတာပါ တစ်နယ်လုံး
သူ့ကျေးဇူးမကင်းပါဘူး၊ အခုလို မဟုတ်မမှန် အပုတ်ချတဲ့ သတင်းဟာ
ဘုန်းကြီးတို့ တောင်သာဒေသ ခံတွေ ကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး
လာရှင်းလို့ရပါတယ် ဟုမိန့်ကြားသွားသည်။ ၀န်ကြီးဟောင်း ဦးအောင်သောင်းသည်
တောင်သာမြို့နယ် ၀ဲလောင်ရွာသားတစ်ဦးဖြစ်ပြီး တောင်သာမြို့နယ် မှ
ရွေးကောက်ခံရသည့် ပြည်သူ့လွတ်တော်ကိုယ်စားလယ်တစ်ဦးဖြစ်ကာ
ပြည်သူ့လွတ်တော်မှ ဖွဲ့စည်းထား သည့် ငွေကြေးနှင့် ဘဏ်များဆိုင်ရာ
ကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်လျက်ရှိသည်။ယခင်က ငြိမ်း ချမ်ရေး
လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့သော်လည်း ၂၀၁၂ ခုနုစ်နောင်းပိုင်းတွင်
ကျန်းမားရေး အခြေနေအရ အနားယူခဲ့သည်။
ဖေသန်းဇော်(မြင်းခြံ)
TaungThar Thar Fb
No comments:
Post a Comment