Monday, January 21, 2013

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

Photo: ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်
Sunday, January 20, 2013 

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခုအချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်းတယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူးတင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်ကလည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်းအထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

 ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ်စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

 
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

 စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

 
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

 
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည်မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

 ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

 လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

 ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေစဉ်မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

 တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ်တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာ ကိုပဲ ကျေးဇူး တင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်က လည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်း အထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာ လာတဲ့ အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။ ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ် ဆို ရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲ ထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော် လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ် ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ် စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံ ဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။
စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရ မှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရ တာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြု လုပ် ခဲ့ပေ မယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှု မျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည် မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စား မှုတွေကို လည်း တွေ့မြင် ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင် လဲ မောင်းထုတ် ရမှာက စစ်ပွဲသဘောပါ။
ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။ ဆွေးနွေးနေစဉ် မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင် ပါ ဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေ ပါပြီ။
တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ် တာတွေ ဖြစ်စေ ချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကား ၀ိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့ သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye

No comments:

Post a Comment

My Blog List