Thursday, January 24, 2013

မြန်မာတွင် အသေးစားချေးငွေ ထုတ်ချေးမည့်ဘဏ်တစ်ခု ဖွင့်လှစ်ရေး ကမ္ဘာ့ဘဏ်က ဒေါ်လာနှစ်သန်းထုတ်ချေး

Photo: မြန်မာတွင် အသေးစားချေးငွေ ထုတ်ချေးမည့်ဘဏ်တစ်ခု
ဖွင့်လှစ်ရေး ကမ္ဘာ့ဘဏ်က ဒေါ်လာနှစ်သန်းထုတ်ချေး
Thursday, January 24, 2013 

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး ချေးငွေထုတ်ပေးရေးအဖွဲ့ 
နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)သည်
မြန်မာတွင် အသေးစားလုပ်ငန်းများကို ကူညီထောက်ပံ့
ရေးအတွက် အသေးစားချေးငွေ ထုတ်ချေးမည့် ဘဏ်
တစ်ခု ဖွင့်လှစ်ရေးအတွက် ဒေါ်လာနှစ်သန်း ထုတ်ချေး သွားမည်ဟု ကြောငြာလိုက်သည်။

IFC သည့် မြန်မာတွင် ကမ္ဘောဒီးယား၏ ACLED ဘဏ်
အပါအဝင် ဂျာမန်၊ ပြင်သစ် အဖွဲ့ များနှင့် ပူးပေါင်းကာ
ACLEDA MFI Myanmar ဟု ခေါ်သည့် အသေးစားချေးငွေ
ထုတ်ချေးရေး ဘဏ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဘဏ်ကို ယခုနှစ်ဆန်းပိုင်းတွင်ပင် ဖွင့်လှစ်သွားမည်ဟု
သိရသည်။

IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒါရိုက်တာ ဆာဂျီယို
ပီမင်တာက “ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ မြန်မာ့
စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးအတွက် ကောင်းသော
စတင်ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု
လျှော့ချရေးနဲ့  အလုပ်အကိုင်တွေ ပိုမိုဖန်တီးရေးကို ကူညီ
နိုင်မှာပါ” ဟု ပြောကြားသည်။

ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် မြန်မာသို့ ငွေကြေး
အကူအညီ ဒေါ်လာ ၂၄၅ သန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

REF: AFP
The Myanma Age
ကမ္ဘာ့ဘဏ်၏ဖွံ့ဖြိုးရေး ချေးငွေထုတ်ပေးရေးအဖွဲ့  နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)သည်
မြန်မာတွင် အသေးစားလုပ်ငန်းများကို ကူညီထောက်ပံ့ရေးအတွက် အသေးစားချေးငွေ ထုတ်ချေးမည့် ဘဏ်တစ်ခု ဖွင့်လှစ်ရေးအတွက် ဒေါ်လာနှစ်သန်း ထုတ်ချေး သွားမည်ဟု ကြောငြာလိုက်သည်။
IFC သည့် မြန်မာတွင် ကမ္ဘောဒီးယား၏ ACLED ဘဏ်အပါအဝင် ဂျာမန်၊ ပြင်သစ် အဖွဲ့ များနှင့် ပူးပေါင်းကာACLEDA MFI Myanmar ဟု ခေါ်သည့် အသေးစားချေးငွေထုတ်ချေးရေး ဘဏ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ဘဏ်ကို ယခုနှစ်ဆန်းပိုင်းတွင်ပင် ဖွင့်လှစ်သွားမည်ဟုသိရသည်။

IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒါရိုက်တာ ဆာဂျီယိုပီမင်တာက “ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးအတွက် ကောင်းသောစတင်ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့  အလုပ်အကိုင်တွေ ပိုမိုဖန်တီးရေးကို ကူညီနိုင်မှာပါ” ဟု ပြောကြားသည်။
ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် မြန်မာသို့ ငွေကြေးအကူအညီ ဒေါ်လာ ၂၄၅ သန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

The Myanma Age

No comments:

Post a Comment

My Blog List