
လက်ရှိတွင် မြန်မာGSM ဖုန်းများကို အာဆီယံနှင့် ဥရောပနိုင်ငံများ သယ်ဆောင် အသုံးပြုခွင့် Out bound Roaming မရရှိသေးသော် လည်း အဆိုပါ နိုင်ငံအချို့မှ ဖုန်းများမှာမူ မြန်မာနိုင်ငံတွင် Inbound Roaming သယ်ဆောင်သုံးစွဲခွင့် ပေးထားကြောင်း သိရသည်။
“ဒီအတွက် စမ်းသပ်မှုတွေ ပြုလုပ်ထား ပြီးသွားပါပြီ။ ငွေကြေးညှိနှိုင်းမှုတွေ ကျန်နေသေးတဲ့ အတွက် မရရှိသေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတကာ Roaming စနစ် ရရှိရန် အတွက် ပြည်ပမိုဘိုင်း အော်ပရေတာများ ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှ
အော်ပရေတာများကိုပါ ကမ်းလှမ်းထားကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာGSMမိုဘိုင်းဖုန်းလိုင်းများအားနိုင်ငံတကာ Roaming သယ်ဆောင်အသုံးပြုခွင့်ရရှိရန် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း Inbound Roaming စနစ်သာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ Outbound Roaming စနစ်ကိုမူ ယနေ့အချိန်အထိ မည်သည့် နိုင်ငံမျှ ရရှိခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။
“နိုင်ငံတကာကို အခုလို အပြန်အလှန် ပြောဆိုလို့ ရမယ်ဆိုရင်တော့ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်း ရှင်တွေ အားလုံးအတွက် အဆင်ပြေသွားနိုင်ပါတယ်” ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
Myit Makha Mediagroup
No comments:
Post a Comment