Wednesday, January 23, 2013

မယ်ရီဘရောင်း စားသောက်ဆိုင် နှစ်ဆယ် ခန့် မြန်မာနိုင်ငံတွင် ဖွင့်မည်

Photo: မယ်ရီဘရောင်း စားသောက်ဆိုင် နှစ်ဆယ် ခန့် မြန်မာနိုင်ငံတွင် 
ဖွင့်မည်
Tuesday, January 22, 2013 

မလေးရှား အခြေစိုက် အသင့်စား အစားအသောက်များ ရောင်းချသော မယ်ရီဘရောင်း စားသောက်ဆိုင်များ ကို မြန်မာနိုင်ငံတွင် ဆိုင်ခွဲနှစ်ဆယ်
ခန့် ဖွင့်လှစ်သွားရန် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ နန်စီလျူး၏
ပြောကြားချက်ကို ကိုးကား၍ မလေးရှား အခြေစိုက် ဘနာမာ သတင်းဌာနမှ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖော်ပြသည်။

"မြန်မာနိုင်ငံမှာတော့ ကျွန်မတို့က ပထမဆုံးသော အသင့်စား အစား
အသောက်ရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီ ဖြစ်လာမှာပါ၊ ဝယ်လိုအား
မြင့်မားတဲ့ နေရာမှာ ဘယ်လို ဝန်ဆောင်မှုကောင်းကောင်းတွေ
ပေးရမယ် ဆိုတာကို ကျွန်မတို့မှာ အတွေ့အကြုံကောင်းတွေ ရှိနေပါတယ်"ဟု သူမက ပြောကြား ခဲ့ကြောင်း အဆိုပါ သတင်းဌာနမှ
ဖော်ပြထားသည်။

အကျယ်အဝန်း ၆၀၀၀ စတုရန်းပေ ကျယ်ဝန်းမည့် ပထမဆုံး ဆိုင်ခွဲကို ရန်ကုန်တွင် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီနှင့် ပူးပေါင်း၍ ဖွင့်လှစ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အဆိုပါ မလေးရှား အခြေစိုက် စားသောက်ဆိုင် လုပ်ငန်းစု 
သည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ အရှေ့အလယ်ပိုင်း နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသည်။

မယ်ရီဘရောင်း ကုမ္ပဏီ အနေဖြင့် ပြည်တွင်း၌ ပူးတွဲ လုပ်ကိုင်မည့်
မြန်မာနိုင်ငံဘက်မှ မိတ်ဖက် ကုမ္ပဏီကိုမူ အတိအကျ ဖော်ပြထားခြင်း 
မရှိပေ။

The Voice Weeklyမလေးရှား အခြေစိုက် အသင့်စား အစားအသောက်များ ရောင်းချသော မယ်ရီဘရောင်း စားသောက်ဆိုင်များ ကို မြန်မာနိုင်ငံတွင် ဆိုင်ခွဲနှစ် ဆယ် ခန့် ဖွင့်လှစ်သွားရန် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ နန်စီလျူး၏ပြောကြားချက်ကို ကိုးကား၍ မလေးရှား အခြေစိုက် ဘနာမာ သတင်းဌာနမှ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖော်ပြသည်။
"မြန်မာနိုင်ငံမှာတော့ ကျွန်မတို့က ပထမဆုံးသော အသင့်စား အစား
အသောက်ရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီ ဖြစ်လာမှာပါ၊ ဝယ်လိုအားမြင့်မားတဲ့ နေရာမှာ ဘယ်လို ဝန်ဆောင်မှုကောင်းကောင်းတွေပေးရမယ် ဆိုတာကို ကျွန်မတို့မှာ အတွေ့ အကြုံကောင်းတွေ ရှိနေပါတယ်"ဟု သူမက ပြောကြား ခဲ့ကြောင်း အဆိုပါ သတင်းဌာနမှဖော်ပြထားသည်။
အကျယ်အဝန်း ၆၀၀၀ စတုရန်းပေ ကျယ်ဝန်းမည့် ပထမဆုံး ဆိုင်ခွဲကို ရန်ကုန်တွင် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီနှင့် ပူးပေါင်း၍ ဖွင့်လှစ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း အဆိုပါ သတင်း တွင် ဖော်ပြ ထားသည်။

အဆိုပါ အဆိုပါ မလေးရှား အခြေစိုက် စားသောက်ဆိုင် လုပ်ငန်းစု သည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ အရှေ့အလယ်ပိုင်း နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ထားသည်။ မယ်ရီဘရောင်း ကုမ္ပဏီ အနေဖြင့် ပြည်တွင်း၌ ပူးတွဲ လုပ်ကိုင် မည့်မြန်မာနိုင်ငံဘက်မှ မိတ်ဖက် ကုမ္ပဏီကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

The Voice Weekly

No comments:

Post a Comment

My Blog List