
ဂျပန် လေကြောင်းလိုင်းမှ Dreamliner လေယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အမေရိကန် လေယာဉ် ပျံသန်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနချုပ် FAA က ယင်းလေယာဉ် ပျံသန်းမှု အားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထို့နောက်တွင် ဂျပန်၊ အိန္ဒိယနှင့် ချီလီနိုင်ငံ တို့ရှိ လေယာဉ် ပျံသန်းရေး အဖွဲ့အစည်းများက အဆို ပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်ခဲ့ခြင်းဖြစ်သည်။
All Nippon ဂျပန် လေကြောင်း လိုင်းမှ S787 Dreamliner လေယာဉ် တစ်စင်း ဘက်ထရီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အဆိုပါ လေယာဉ် တွင် တပ်ဆင်ထားသော ဘက်ထရီသည် မီးလောင် နိုင်ဖွယ် ရှိကြောင်း FAA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြ၀တီ
No comments:
Post a Comment