Thursday, January 24, 2013

မွေး/ရေ ကဏ္ဍဖွံ့ဖြိုးရေး လျာထားချက်လုပ်ငန်းများ လုပ်ဆောင်တော့မည်

Photo: မွေး/ရေ ကဏ္ဍဖွံ့ဖြိုးရေး လျာထားချက်လုပ်ငန်းများ လုပ်ဆောင်တော့မည်
Wednesday, January 23, 2013

၂၀၁၃ခုနှစ်အတွင်း မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများ တိုးတက်မြင့်မားလာစေရန် တိုင်း၊ခရိုင်၊ မြို့နယ်များအလိုက် လျာထားချက် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက ဒုဝန်ကြီးမှ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲတွင်
ပြောကြားခဲ့သည်။ 

"အခုကစပြီးတော့ နိုင်ငံတကာအဆင့်ရောက်အောင် မြှင့်နေပါပြီ။ သားငါးကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဒီနှစ်အတွင်းမှာ ဆောင်ရွက်မှာတွေ ကိုလည်း လျာထားပြီးပါပြီ။ (၃)လလောက် အချိန်ယူပြီး ဒီလုပ်ငန်း က အောင်မြင်နိုင်လား မအောင်မြင်နိုင်ဘူးလားဆိုတာတွေ အကုန်လုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွား မယ်။ အဓိကကတော့ plan ခွဲထားပြီး အချိန် ကာလတစ်ခုအထိ ဆက်လုပ်သွားမယ် " ဟု မွေးမြူရေးနှင့်
ရေလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။     

ရန်ကုန်တိုင်းဒေသကြီးတွင် ငါးပုဇွန်များ တိုးချဲ့မွေးမြူခြင်း၊  ဧရာဝတီတိုင်း
ဒေသကြီးတွင် ကျန်ရှိနေ သေးသော ရေနက်ကွင်းများအား ဆက်လက် အကောင်အထည်ဖော်ခြင်း၊ ဖျာပုံခရိုင်တွင် ငါးရှည့် မွေးခြင်း/
သားဖောက်ခြင်းလုပ်ငန်းများ တိုးချဲ့ခြင်း၊ ရခိုင်ပြည်နယ် သံတွဲခရိုင်တွင် ငါးနီတူခြောက် တိုးချဲ့ ထုတ်လုပ်ခြင်း၊ စစ်တွေခရိုင်တွင် ရေငံပုဇွန် တိုးချဲ့မွေးမြူများ လျာထားချက်တွင် ပါဝင်ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင၊် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ မတ္တရာတို့တွင်  လှောင်အိမ် ထဲသို့ ငါးထည့်မွေးစနစ် တိုးတက်စေရန် လျာထားသလို၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တွင် အင်းတိမ်
ကောမပပျောက်စေရန် ရည်ရွယ်ကြောင်းနှင့်၊ ချင်းပြည်နယ် ဟာခါးတွင်
ရေချိုငါးတိုးချဲ့ ခြင်းနှင့် သားဖောက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ဟုမ္မလင်း တို့တွင် ငါးကြပ်တိုက်လုပ်ငန်းများ တိုးချဲ့ခြင်း၊ မွန်ပြည်နယ်
ရေးမြို့တွင် ကျောက်ပုစွန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။       

"နာဂစ်ပြီးကတည်းက အရှုံးပေါ်နေကြရတာဆိုရင် ၂၀၁၂ ခုနှစ် အထိပါပဲ။ ဒါ့ကြောင့် ၂၀၁၃ မှာ ၀န်ကြီးဌာနတွေ အနေနဲ့ ရှိနေတဲ့ အနေအထား
ကနေ ပြောင်းလဲကျင့်သုံးနိုင်အောင် ချပြပေးဖို့ လိုပါတယ်။ကျေးလက်
ဒေသဖွံ့ဖြိုး တိုးတက်ရေး ငါးမွေးကန်တွေမှာ ၀န်ကြီးဌာနတွေရဲ့ ပံ့ပိုးမှုတွေရရင် အောင်မြင်နိုင်ပါတယ်  " ဟု ငါးမွေးမြူ ရေးလုပ်ငန်းရှင်
များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲအား ၂၀၁၃ခုနှစ် ဇန်န၀ါရီ (၂၂)ရက်နေ့က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ်၊ သီရိအဏ္ဏ၀ါခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။  

ယမင်း(မြစ်မခ)
Myit Makha Mediagroup၂၀၁၃ခုနှစ်အတွင်းမြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများ တိုးတက် က်မြင့်မားလာစေရန် တိုင်း၊ခရိုင်၊ မြို့နယ်များအလိုက် လျာထား ချက် များဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက ဒုဝန်ကြီးမှ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲတွင်
ပြောကြားခဲ့သည်။
"အခုကစပြီးတော့ နိုင်ငံတကာအဆင့်ရောက်အောင် မြှင့်နေပါပြီ။ သားငါးကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဒီနှစ်အတွင်းမှာ ဆောင်ရွက်မှာတွေ ကိုလည်း လျာထားပြီးပါပြီ။ (၃)လလောက် အချိန်ယူပြီး ဒီလုပ်ငန်း က အောင်မြင်နိုင်လား မအောင်မြင် နိုင်ဘူးလားဆိုတာတွေ အကုန်လုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွား မယ်။ အဓိကကတော့ plan ခွဲထားပြီး အချိန် ကာလတစ်ခုအထိ ဆက်လုပ်သွားမယ် " ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ငါးပုဇွန်များတိုးချဲ့မွေးမြူခြင်း၊ဧရာဝတီတိုင်းဒေသကြီးတွင်ကျန်ရှိနေ သေးသော ရေနက်ကွင်းများအား ဆက်လက် အကောင်အထည်ဖော်ခြင်း၊ ဖျာပုံခရိုင်တွင် ငါးရှည့် မွေးခြင်း/သားဖောက်ခြင်းလုပ်ငန်းများ တိုးချဲ့ခြင်း၊ ရခိုင်ပြည်နယ် သံတွဲခရိုင်တွင် ငါးနီတူခြောက် တိုးချဲ့ ထုတ်လုပ်ခြင်း၊ စစ်တွေခရိုင် တွင် ရေငံ ပုဇွန် တိုးချဲ့မွေးမြူများ လျာထားချက်တွင် ပါဝင်ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင၊် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ မတ္တရာတို့တွင် လှောင်အိမ် ထဲသို့ ငါးထည့်မွေးစနစ် တိုးတက်စေရန် လျာထားသလို၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တွင် အင်းတိမ်
ကောမ ပပျောက်စေရန် ရည်ရွယ်ကြောင်းနှင့်၊ ချင်းပြည်နယ် ဟာခါးတွင်ရေချိုငါးတိုးချဲ့ ခြင်းနှင့် သားဖောက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ဟုမ္မလင်း တို့တွင် ငါးကြပ်တိုက်လုပ်ငန်းများ တိုးချဲ့ခြင်း၊ မွန်ပြည်နယ်ရေးမြို့တွင် ကျောက်ပုစွန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကို လည်း သိရှိရသည်။

"နာဂစ်ပြီးကတည်းက အရှုံးပေါ်နေကြရတာဆိုရင် ၂၀၁၂ ခုနှစ် အထိပါပဲ။ ဒါ့ကြောင့် ၂၀၁၃ မှာ ၀န်ကြီးဌာနတွေ အနေနဲ့ ရှိနေတဲ့ အနေအထားကနေ ပြောင်းလဲကျင့်သုံးနိုင်အောင် ချပြပေးဖို့ လိုပါတယ်။ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ငါးမွေးကန်တွေမှာ ၀န်ကြီးဌာနတွေရဲ့ ပံ့ပိုးမှုတွေ ရရင် အောင်မြင်နိုင်ပါတယ် " ဟု ငါးမွေးမြူ ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲအား ၂၀၁၃ခုနှစ် ဇန်န၀ါရီ (၂၂)ရက်နေ့က အင်းစိန်မြို့ နယ်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ်၊ သီရိအဏ္ဏ၀ါခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

My Blog List