Monday, January 21, 2013

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်

Photo: မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်
Monday, January 21, 2013

လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် 
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြား
ငွေကြေးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှစ၍ (၇)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း
ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီး တစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက် အရ မကြာမီ ရက်အတွင်း ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည်
ဖြစ်ပါသည်။

မြ၀တီလာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။
၁၉၇၈ခုနှစ်မှ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြားငွေကြေး ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှစ၍ (၇)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီး တစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက် အရ မကြာမီ ရက်အတွင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည်ဖြစ်ပါသည်။

မြ၀တီ

No comments:

Post a Comment

My Blog List