Sunday, August 18, 2013

သမ္မတဦးသိန်းစိန် လက်ထက်တွင် ရွှေတောင်ကုမ္ပဏီမှ နောက်ထပ် အရေးကြီး မြေနေရာများ ထပ်မံရ၊ ရွှေတိဂုံဘုရားအနီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်း မြေနေရာအချို့အား MIC မှ ခွင့်ပြုခဲ့


Sunday, 18 August 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ အချက်အချာကျ အရေးကြီး မြေနေရာများကို ဆက်တိုက်ရရှိနေပြီး ယခုအခါ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းမှ မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်းဝန်း အတွင်းရှိ မြေဧရိယာ အချို့တွင် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ခွင့် နှစ်ခုစလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ထပ်မံခွင့်ပြု ပေးခဲ့သည်။
Photo: သမ္မတဦးသိန်းစိန် လက်ထက်တွင် ရွှေတောင်ကုမ္ပဏီမှ နောက်ထပ်
အရေးကြီး မြေနေရာများ ထပ်မံရ၊ ရွှေတိဂုံဘုရားအနီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်း မြေနေရာအချို့အား MIC မှ ခွင့်ပြုခဲ့
Sunday, 18 August 2013 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် ရန်ကုန်မြို့ရှိ အချက်အချာကျ အရေးကြီး မြေနေရာများကို ဆက်တိုက်ရရှိနေပြီး ယခုအခါ ရွှေတိဂုံဘုရားအနီးရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းမှ မြေရှစ်ဧကကျော်နှင့် စစ်ရုံးချုပ်ဟောင်းဝန်း အတွင်းရှိ မြေဧရိယာ အချို့တွင် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ခွင့် နှစ်ခုစလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ထပ်မံခွင့်ပြု ပေးခဲ့သည်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာမှ မြေရှစ်ဧကကျော်
တွင် ရွှေတောင်ကုမ္ပဏီမှ တစ်ဦးတည်း မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ပြီး
 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်မြေဧရိယာပေါ်တွင်မူ ရွှေတောင်ကုမ္ပဏီသည် စင်ကာပူကုမ္ပဏီ တစ်ခုဖြင့် ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ချထားပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၁၅ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာနတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှု
များနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် အကြောင်း
အရာပေါင်း ၃၂ ခုကို စည်းဝေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ငါးခုချထားပေးခဲ့ပြီး
 ရွှေတောင်ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း နယ်မြေ (၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှမြေ ၈ ဒသမ ၈၄၄ ဧကပေါ်တွင် ဟိုတယ်၊ ရှော့ပင်းမောလ် အပါအ၀င် စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင်မည့် စီမံကိန်းကို ခွင့်ပြုပေးခဲ့မှု ပါဝင်သည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းရှိ မြေ ၈ ဒသမ ၈၄၄ ဧကအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းကာ Hotel, Service Apartment နှင့် Shopping Complex များ တည်ဆောက်မည်ဖြစ်ပြီး ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ တစ်ခုတည်းမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။

ယင်းအပြင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် စင်ကာပူနိုင်ငံ အခြေစိုက် Hyday (South Pacific) Investment Pte.Ltd နှင့် ပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိယာဝန်းပေါ်၌ စီးပွားဖြစ် အဆောက်အအုံများ တည်ဆောက်ကာ ဖက်စပ်လုပ်ကိုင်မည်ဟု သိရသည်။

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိယာဝန်း Office Building, Commercial Complex, Service Apartment များ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းကို Shew Taung Development Co.,Ltd နှင့် Hyday (South Pacific)Investment Pte.Ltd တို့ ပေါင်းကာ Shwe Taung Hyday Myanmar Co.,Ltd ကုမ္ပဏီ အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်သည်။

တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းရာတွင် တင်ဒါအောင်သည့် ကုမ္ပဏီကြီးများ အနေဖြင့် မြေနှင့်အဆောက်အအုံများ ရရှိစေရန် လေလံဆွဲထားပြီးနောက် ကိုယ်တိုင်မြှုပ်နှံခြင်းထက် နိုင်ငံခြား ကုမ္ပဏီများဖြင့် တစ်ဆင့်ပြန်လည် ချိတ်ဆက်ကာ ပူးပေါင်းလုပ်ကိုင်မှုများ ပြုခဲ့ကြသည်။

ယခု ရွှေတောင်ကုမ္ပဏီမှလည်း စင်ကာပူ ကုမ္ပဏီတစ်ခုဖြင့် ဖက်စပ်လုပ်ကိုင်သကဲ့သို့ ဆင်ဖြူရှင်ရိပ်သာအား ရရှိသွားသည့် IGE ကုမ္ပဏီသည်လည်း နိုင်ငံခြား ကုမ္ပဏီဖြင့် ပင်လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားချေးငွေများဖြင့်ပါ လုပ်ကိုင်မည်ဟု သိရသည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် ယခုအစိုးရသစ် လက်ထက်တွင် မြေနေ
ရာကောင်းများအား ဆက်တိုက်ရရှိနေပြီး ရန်ကုန်မြို့လယ်ရှိ လဟာပြင်ဈေးနေရာ မြေကွက်ကျယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ကျယ်ဝန်းပြီး အချက်အချာကျသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်
မရှင်ရုံးဟောင်းနေရာ၊ လက်ရှိ Junction Square ဆောက်ထားသည့် မြေ
ကွက်ကျယ်နေရာများကို ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထပ်မံ၍ အကွက်အကွင်း အလွန်ကောင်းပြီး မည်သည့်ကုမ္ပဏီမှ ရရန်မလွယ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းအား ရရှိခြင်းဖြစ်သည်။

ယင်းအပြင် ရွှေတောင်ကုမ္ပဏီသည် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့်ရှိ မြေကွက်ကျယ်ကိုလည်း စီးပွားဖြစ် လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်လျက် ရှိသည်။

eleven media group နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာမှ မြေရှစ်ဧကကျော် တွင် ရွှေတောင်ကုမ္ပဏီမှ တစ်ဦး တည်း မြှုပ်နှံလုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်မြေဧရိယာပေါ်တွင်မူ ရွှေတောင်ကုမ္ပဏီသည် စင်ကာပူကုမ္ပဏီတစ်ခုဖြင့် ဖက်စပ်မြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ချထားပေး ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၁၅ ရက် က နေပြည်တော်ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာနတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှု
များနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် အကြောင်း အရာပေါင်း ၃၂ ခုကို စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ငါးခုချထားပေးခဲ့ပြီး ရွှေတောင်ကုမ္ပဏီမှ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်း နယ်မြေ (၂)ရှိ မြေဧရိယာ ၁၂ ဒသမ ၆၀၄ ဧကထဲမှမြေ ၈ ဒသမ ၈၄၄ ဧကပေါ်တွင် ဟိုတယ်၊ ရှော့ပင်းမောလ်အပါအ၀င်စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်လုပ်ကိုင် မည့် စီမံကိန်းကို ခွင့်ပြုပေးခဲ့မှု ပါဝင်သည်။
ရွှေတောင်ကုမ္ပဏီ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာဟောင်းရှိ မြေ ၈ ဒသမ ၈၄၄ ဧကအား BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းကာ Hotel, Service Apartment နှင့် Shopping Complex များ တည်ဆောက်မည်ဖြစ်ပြီး ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီတစ်ခုတည်းမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။
ယင်းအပြင် ရွှေတောင်ကုမ္ပဏီ အနေဖြင့် စင်ကာပူနိုင်ငံ အခြေစိုက် Hyday (South Pacific) Investment Pte.Ltd နှင့် ပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဟောင်းနေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိ ယာ ၀န်းပေါ်၌ စီးပွားဖြစ်အဆောက်အအုံများ တည်ဆောက်ကာ ဖက်စပ်လုပ်ကိုင်မည်ဟု သိရသည်။
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဟောင်း နေရာနှင့် ဆက်စပ်နေသည့် ကျန်ဧရိယာဝန်း Office Building, Commercial Complex, Service Apartment များ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းကို Shew Taung Development Co.,Ltd နှင့် Hyday (South Pacific)Investment Pte.Ltd တို့ ပေါင်းကာ Shwe Taung Hyday Myanmar Co.,Ltd ကုမ္ပဏီအမည်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်မည်ဖြစ်သည်။
တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများကို ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းရာတွင် တင်ဒါအောင်သည့်ကုမ္ပဏီကြီးများအနေဖြင့် မြေနှင့်အဆောက်အအုံများရရှိစေရန် လေလံဆွဲထားပြီးနောက် ကိုယ်တိုင်မြှုပ်နှံခြင်းထက် နိုင်ငံခြား ကုမ္ပဏီများဖြင့် တစ်ဆင့်ပြန်လည် ချိတ်ဆက်ကာ ပူးပေါင်းလုပ်ကိုင်မှု များ ပြုခဲ့ကြသည်။
ယခု ရွှေတောင်ကုမ္ပဏီမှလည်း စင်ကာပူ ကုမ္ပဏီတစ်ခုဖြင့် ဖက်စပ်လုပ်ကိုင်သကဲ့သို့ ဆင်ဖြူရှင်ရိပ်သာ အား ရရှိသွားသည့် IGE ကုမ္ပဏီသည်လည်း နိုင်ငံခြား ကုမ္ပဏီဖြင့် ပင်လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားချေးငွေ များဖြင့်ပါ လုပ်ကိုင်မည်ဟု သိရသည်။
ရွှေတောင်ကုမ္ပဏီ အနေဖြင့် ယခုအစိုးရသစ် လက်ထက်တွင် မြေနေ ရာကောင်းများအား ဆက်တိုက် ရရှိနေပြီး ရန်ကုန်မြို့လယ်ရှိ လဟာပြင်ဈေးနေရာ မြေကွက်ကျယ်၊ ကန်တော်ကြီးပတ်လမ်းရှိ ကျယ်ဝန်းပြီး အချက်အချာကျသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော် မရှင်ရုံးဟောင်းနေရာ၊ လက်ရှိ Junction Square ဆောက်ထားသည့် မြေကွက်ကျယ်နေရာများကို ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထပ်မံ၍ အကွက်အကွင်း အလွန်ကောင်းပြီး မည်သည့်ကုမ္ပဏီမှ ရရန်မလွယ်သည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းအား ရရှိခြင်းဖြစ်သည်။
ယင်းအပြင် ရွှေတောင်ကုမ္ပဏီသည် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့် ရှိ မြေကွက် ကျယ်ကိုလည်း စီးပွားဖြစ် လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည်ဟုလည်း သတင်း ထွက်ပေါ် လျက် ရှိသည်။

eleven media group

No comments:

Post a Comment

My Blog List