Sunday, August 18, 2013

WTO မှ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများသို့ ကုန်သွယ်မှုအတွက် နည်းပညာအ ကူအ ညီ ထောက်ပံ့ပေးမည့် အစီအစဉ်တွင် မြန်မာနိုင်ငံ ပါဝင်ခံစားခွင့် ရရှိ

Saturday, August 18, 2013
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ကုန်သွယ်မှုအတွက်နည်းပညာအကူအညီ
 ထောက်ပံ့ပေးမည့်အစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်ခံစားခွင့်ရရေးအတွက် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သဖြင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့က အဆိုပါနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့် ကုန်သွယ်မှုနှင့် ဆက်နွှယ်သော အကူအညီများကို ပေးအပ်မည့် Enhanced Integrated Framework (EIF) အစီအစဉ် တွင်မြန်မာပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ညှိနှိုင်းဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ကုန်သွယ်မှုအတွက် နည်းပညာအကူအညီ များ ထောက်ပံ့ပေးသည့် EIF သို့ ပါဝင်၍ ကုန်သွယ်မှု အကူအညီများ ရယူခံစားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ EIF ဘုတ်အဖွဲ့က မြန်မာနိုင်ငံအား EIF အစီအစဉ် ခံစားခွင့်ရှိသော နိုင်ငံအဖြစ် ခွင့်ပြုလိုက်ပြီးဖြစ် ၍ မြန် မာနိုင်ငံသည် EIF အစီအစဉ်မှ ကုန်သွယ်မှုဆိုင်ရာနည်းပညာအကူအညီများ ရရှိခံစားနိုင်ရေး ပြင် ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Enhanced Integrated Framework (EIF) မှ မြန်မာနိုင်ငံကို အဖွဲ့ ၀င်အဖြစ် ၂၀၁၃ ခုနှစ် ဧပြီလတွင် သတ်မှတ်လက်ခံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိကုန်သွယ်ရေး လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး အစီအ စဉ်များတွင် (EIF) မှ ပါဝင်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Enhanced Integrated Framework (EIF) အစီအစဉ်ကို ပူးပေါင်းဆောင် ရွက်သည့် အဖွဲ့အစည်းများမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ International Trade Centre၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNCTAD,UNDP တို့ဖြစ်ကြောင်း သိရသည်။ အဆို ပါ အဖွဲ့အစည်းများနှင့် အကူအညီ ထည့်ဝင်သောနိုင်ငံများ ပူးပေါင်းပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ကုန်သွယ်မှုဆိုင်ရာ အကူအညီ များကို ထောက်ပံ့ပေးနေကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများအပြင် အာဖရိက ဖွံ့ဖြိုးရေးဘဏ်၊ အာဖရိက အရှေ့နှင့် တောင်ပိုင်းဘုံဈေးကွက်၊ စံချိန်စံညွှန်းနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ တောင်အာဖရိက ကုန်အမှတ်တံဆိပ် အဖွဲ့၊ ကမ္ဘာ့ဘဏ် ၏ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး အဖွဲ့တို့မှလည်း ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
EIF အစီအစဉ်သည် ရန်ပုံငွေများဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုအနည်း ဆုံး နိုင်ငံပေါင်း ၄၉ နိုင်ငံကို လက်ရှိကူညီ ပံ့ပိုးပေးလျက်ရှိပြီး လာမည့်ငါးနှစ်အတွင်း ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရရှိရေး အတွက် အဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများနှင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List