Wednesday, August 21, 2013

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

Wednesday, August 21, 2013
နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ
စိတ်ဝင်စားသူများ တက်ရောက်ကြသည့် Developer Conference ကို ပြည်တွင်းတွင် တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။
အဆိုပါ Developer Conference (DevCon 2013-Yangon) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCAP) မှ ကြီးမှူး၍ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူ တာပညာရှင်အသင်းမှ သိရသည်။
အဆိုပါ Developer Conference ကို ခေါင်းစဉ်ရှစ်ခုဖြင့် ဆွေးနွေးမည်ဖြစ်ကာ မိုဘိုင်းအက်ပလီကေးရှင်း၊ ၀က်ဘ်အက်ပလီကေးရှင်း၊ ဂိမ်းအက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်း၊ ဆော့ဖ်ဝဲလ်ရေးဆွဲခြင်း စီမံခန့်ခွဲမှုနှင့် အခြားဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်သည့်အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။ DevCon 2013 ရန်ကုန်တွင် စာတမ်းရေးသားဖတ်ကြားလိုသူများသည် မိမိတို့၏ စာတမ်းခေါင်းစဉ်နှင့် အကျဉ်းချုပ်ကို လာမည့် စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်ဟု MCPA မှ ဖော်ပြချက်အရ သိရသည်။

DevCon 2013-Yangon ကို ကွန်ပျူတာ ပညာရှင်များအကြား အိုင်တီ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာများဖလှယ်ရန်၊ အိုင်တီအသုံးချ Software ကောင်းများ တီထွင်ဖန်တီးရေးသားနိုင်သည့် Developer များ ပေါ်ထွက်လာစေရန်နှင့် ICT Developer ဖြစ်လိုသူများ အတွက် နည်းလမ်းကောင်းများ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။
Developer Conference နှင့် ပတ်သက်သောအချက်အလက်များနှင့် Proposal Form များကို devconmyanmar.org, mcpamyan- mar.org/download/ ၀က်ဘ်ဆိုဒ်များတွင် ရယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List