Wednesday, August 21, 2013

အားကစားသတင်းတိုများ

Wednesday, August 21, 2013
♦ ဖူလ်ဟမ်အသင်းသည် စပါးအသင်း၏ ကွင်းလယ်လူ စကော့ပါကားအား သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူ နိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ်အပြောင်းအရွှေ့ကာလတွင် ဖူလ်ဟမ်အသင်းခေါ်ယူခဲ့သည့် ရှစ်ဦးမြောက် ကစား သမားလည်း ဖြစ်လာခဲ့သည်။ ဖူလ်ဟမ်အသင်းအနေဖြင့် ပါကားအား ခေါ်ယူသည့် ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ကြေညာခြင်းမပြုခဲ့ဘဲ အသက် ၃၂ နှစ်အရွယ် အင်္ဂလန်ကစားသမားအနေဖြင့် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဖူလ်ဟမ်အသင်းနှင့် လက်တွဲခွင့်ရရှိတော့မည်ဖြစ်သည်။ ♦ မန်စီးတီးအသင်းသည် အသင်း၏ ညာနောက်ခံကစားသမား ဇာဘလက်တာအား လေးနှစ်သက်တမ်း တိုးစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး အသင်းနှင့် ကာလရှည် လက်တွဲနိုင်တော့မည် ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားနောက်ခံ ကစားသမားသည် ၂၀၀၈ ခုနှစ်ကတည်းက မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၃၄ ပွဲကစားကာ ၆ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

♦ စီးရီးအေဘောလုံးအဖွဲ့ချုပ်သည် Suparcoppa ဖလား ဗိုလ်လုပွဲအဖြစ် ကစားခဲ့သည့်ပွဲစဉ်တွင် ဂျူဗင်တပ်စ်ကစားသမားများအား လူမျိုးရေးခွဲခြားခဲ့သည့် လာဇီယိုအသင်း ပရိသတ်များကြောင့် အသင်း အား စီးရီးအေအဖွင့်ပွဲစဉ်ကို ကွင်းပိတ်ကစားရမည့်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ လာဇီယိုအသင်း ပရိသတ် များသည် ဂျူဗင်တပ်စ်အသင်း ကစားသမားများဖြစ်ကြသော ပေါ့ဘ်ဘာ၊ အဆာမို့စသည့် ကစားသမား များအား ရည်ရွယ်သည့် ဟစ်အော်မှုများကို ပြုလုပ်ခဲ့ကြသည်။

♦မန်စီးတီးအသင်း၏ နောက်ခံလူ ကွန်ပနီသည် နယူးကာဆယ်နှင့် ပွဲတွင်ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရတော့မည်ဖြစ်ပြီး အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်မည် ဖြစ်သည်။ ကွန်ပနီ၏ အခြေအနေသည်နောက်ခံကစားသမားများ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် မန်စီးတီး အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး နက်စတာဆစ်၊ မီကာရစ်ချက်တို့ ဒဏ်ရာရနေသည့်အပြင် ကိုလိုတိုရေးကိုလည်း အသင်းမှထွက်ခွာခွင့်ပြုခဲ့သည့်အတွက် လာမည့်ပွဲစဉ်များတွင် ရုန်းကန်ရဖွယ် ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List