Wednesday, August 21, 2013

ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ

Wednesday, August 21, 2013 
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသည့် ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ် ဖြစ်သည့် (၂၀၁၃ - ၂၀၁၄) တွင် ပဉ္စမမြောက်နှစ်သို့ရောက်ရှိလာပြီဖြစ်ပါသည်။နှစ်စဉ်တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ်အတွက်အောင်ချက်ရာခိုင်နှုန်း(၄၅.၇၈%)ဖြင့်ပူတာအိုခရိုင်၏ပညာရေးကဏ္ဍတွင် နိုင်ငံတော် အတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်(ပူတာအို)၌အနာဂတ်၏အသီးအပွင့်လေးများဖြစ်ကြသောဒေသခံတက္ကသိုလ်ဝင်တန်း 
ကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ မိုင် (၂၀၀) ကျော်ခန့်သာဝေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျက်ရှိပြီးသယ်ယူပို့ဆောင်ရာနှင့် သွားလာရာတွင် လေယာဉ်ကိုသာ အားထားနေရပါသည်။ လေယာဉ်များ၏အရေးပါပုံ၊ ရဟတ်ယာဉ်များ၏အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံ များ ၊ဖွဲ့စည်းတည်ဆောက်ပုံများ ကို ဒေသခံများဖြစ်သည့်ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် မှ ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်အတွက် နာယကဦးတေဇမှ လေ့လာနိုင်စေရန်စီစဉ်ပေး ခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှာကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ခဲ့ကြပြီး လေယာဉ်မှူး များနှင့်လေယာဉ်မယ်၏ ရှင်းလင်းပြသမှုများဖြင့် အသေးစိတ်လေ့လာခွင့်ရ ခဲ့ကြပါသည်။ ထို့ပြင် ရဟတ်ယာဉ်မှူးများမှလည်းရဟတ်ယာဉ်တစ်စင်း၏ဖွဲ့စည်းတည်ဆောက်ပုံများ၊အလုပ်လုပ်ပုံများကိုကျောင်း သားကျောင်းသူများ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အသေးစိတ်ရှင်းလင်းပြောပြပေးခဲ့ကြပါသည် ။ လေ့လာပျော်ရွှင်နေကြသည့်ပညာဒါနဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ကို မမောမပန်းရှင်းလင်း ပြောပြပေးနေကြသော ပရိုက်ဗိတ်ဂျက်လေယာဉ်မှူးများ နှင့် လေယာဉ်မယ် မဝတ်ရည်သင်း ၊ရဟတ်ယာဉ်မှူးများ၊ ဝန်ထမ်းများအားလုံးကိုလည်း ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူး တင်ရှိပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ပညာဒါနဘော်ဒါဆောင် (ပူတာအို) မှ နှစ်စဉ် တက္ကသိုလ်ဝင် တန်းအောင်မြင်ကြသောကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်စေရန်အတွက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ အဆင့်မြင့်ပညာ သင်ကြားပြီးနောက်ဆက်လက်ထူးချွန်ပါကလည်း နိုင်ငံရပ်ခြားပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့်ဆက် လက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိပါသည်။
Htoo Foundation facebook

No comments:

Post a Comment

My Blog List