Sunday, August 18, 2013

DKBA မှ ကရင်ပြည်နယ် နယ်ခြားစောင့် အသွင်ကူးပြောင်းသည့် တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနား မြ၀တီ၌ ပြုလုပ်မည်

Sunday, August 18, 2013
ယခင် DKBA မှ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသည့် တပ်တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်း အနားကို အမှတ် ၃ တပ်နယ်ရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုလ်ကျေးရွာ၌ သြဂုတ် ၂၀ ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကို နယ်မြေလေးခုနှင့် စုစုပေါင်း တပ်ရင်း ၁၂ ရင်းဖြင့် ဖွဲ့စည်းထားသော်လည်း တည်ထောင်သည့် နေ့ရက်များ မတူညီသဖြင့် ယခုပြု လုပ်မည့် အခမ်းအနားမှာ အမှတ် ၃ နယ်မြေကွပ်ကဲမှုအောက်ရှိ ခစတတပ်ရင်း ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ တို့ နှစ်ပတ်လည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဆက်ဆံရေးမှူး ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြား သည်။ သို့ရာတွင် နောင်လာမည့်နှစ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ တည်ထောင်ခြင်းနေ့ကို တစ်ရက် တည်းတွင် ပြုလုပ်ရန်စီစဉ်ထားပြီး ယခုပြုလုပ်မည့်ပွဲသို့လည်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက်NGOများ ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လက်ရှိ DKBA နှင့် KNU အပါအ၀င် အခြားကရင်လက်နက်ကိုင် အဖွဲ့များ ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
"နယ်ခြားစောင့်တပ်တွေ အနေနဲ့ ကရင်ပြည်နယ်ဒေသ အေးချမ်းဖို့၊ ပြည် သူလူထု ဘ၀တွေ လုံခြုံမှုရှိဖို့၊ ကျွန်တော်တို့ တာဝန်ကျတဲ့ နယ်စပ် မျဉ်းတစ်လျှောက်မှာ တစ်ဖက်က ကျူးကျော်မှုတွေ ဖြစ်မလာဖို့ အဓိက တာဝန်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံတော်က လိုအပ်လာလို့ရှိ ရင် ကရင်လူထုအတွက်မှ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအတွက် ကျွန်တော်တို့ နယ်ခြားစောင့်တပ်က အဆင်သင့် ပါပဲ" ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဆက်ဆံရေးမှူး ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြား သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကို ယခင် DKBA (ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး)မှ ၂၀၁၀ ပြည့်နှစ်တွင် အသွင်ပြောင်းလဲ လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ထွန်းလှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဖားနွီးနှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ် စောချစ်သူတို့ ဦးဆောင် လျက်ရှိကြောင်း သိရသည်။
မြေယာကိစ္စ အကြောင်းပြု၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) တို့ မြ၀တီမြို့အနီး၌ အခြေအနေ တင်းမာသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ညှိနှိုင်းပြေလည် သွားပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List