Wednesday, August 21, 2013

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃ ဒသမ ၃ သန်းခန့်ရောင်းချရရန် ဖီဖာမျှော်မှန်းထား

Wednesday, August 21, 2013
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ရာ လက်မှတ်ပေါင်း ၃.၃ သန်းခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း သိရသည်။
ဖီဖာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး ဖီဖာ၏ တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင် လက်မှတ်ဝယ်ယူရန် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။ 

Photo: ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃ ဒသမ ၃ သန်းခန့်ရောင်းချရရန် ဖီဖာမျှော်မှန်းထား
Wednesday, August 21, 2013

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ရာ လက်မှတ်ပေါင်း ၃.၃ သန်းခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း သိရသည်။

ဖီဖာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး ဖီဖာ၏ တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင် လက်မှတ်ဝယ်ယူရန် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။ 

ပထမအဆင့်ပွဲစဉ်များအတွက် လက်မှတ်ဈေးနှုန်းများကို အနိမ့်ဆုံးကန်ဒေါ်လာ ၉၀ သတ်မှတ် ထားပြီး ရီယိုဒီဂျနေးရိုးရှိ မာကာရာနာကွင်းကြီးတွင် ကစားမည့်ဗိုလ်လုပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်း မှာ ကန်ဒေါ်လာ ၄၄၀ ကျသင့်မည်ဖြစ်သည်။ ဗိုလ်လုပွဲအတွက် အမြင့်ဆုံးလက်မှတ်ဈေးနှုန်းမှာ ကန် ဒေါ်လာ ၉၉၀ အထိ ကျသင့်မည်ဖြစ်ပြီး ဒေသခံဘရာဇီးပြည်သူများအတွက် လက်မှတ်ဈေးနှုန်းကိုမူ အနိမ့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားသည်။

၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်က လက်မှတ်တစ်စောင်အတွက် လျှောက်ထားသူ ခုနစ်ဦး အထိရှိခဲ့ ပြီး စုစုပေါင်း ၃.၃ သန်းအထိ ရောင်းချခဲ့ရကြောင်း ဖီဖာက ထုတ်ပြန်ခဲ့သည်။ သို့သော် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်ပေါင်းနှစ်သန်းကျော်သာ ရောင်းချခဲ့ရပြီး ရောင်းအား ကျဆင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဖီဖာကလာမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်မှတ် အရေအတွက်ကို ၂၀၀၆ ခုနှစ်ကအတိုင်း ရောင်းချရရန် ရည်မှန်းထားကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ဘရာဇီးသို့ ပရိသတ်ပေါင်း ရှစ်သိန်းနီးပါးခန့်လာရောက်ခဲ့ကြပြီး ထိုပရိသတ် ပမာဏမှာ ၂၀၀၅ ခုနှစ် ဂျာမနီနှင့် ၂၀၀၉ တောင် အာဖရိကတို့တွင် ကျင်းပခဲ့သည့်ပြိုင်ပွဲများထက် ပရိသတ်လာရောက်မှုများပြားခဲ့သည်။

Mizzima News

No comments:

Post a Comment

My Blog List