Sunday, August 18, 2013

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ် ချက်နှင့် ပတ်သက်၍ ပြင်ဆင်ရန် အလေးထား ဆောင် ရွက်မည် ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

Sunday, August 18, 2013
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ ပြင်ဆင်ရန် အလေးထားဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ် ၁၆ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္က ဋ္ဌ နားနေဆောင် တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး မေးမြန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်များနှင့် ပတ်သက် ၍ ပြည်ထောင်စုလွှတ်တော် နာယကက ပြန်လည်ဖြေ ကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "သမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်တည်းက ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်သလို တချို့ကိစ္စ ကျတော့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူ များနဲ့လည်း ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီအတွက်လည်း မိမိအနေ နဲ့ရော လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ရော အလေးထားဆောင်ရွက်ဖို့ ရှိတယ်လို့ ပြော ကြားလိုပါတယ်" ဟု သတင်းထောက်များကို ပြောကြားသည်။ သမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တစ်ယောက်တည်းက ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပါဘူး။လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆောင် ရွက်ချက်ပဲ ဖြစ်သလို တချို့ကိစ္စကျတော့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စဟာ ပြည် သူများ နဲ့ လည်း ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ် . . . . .
ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် မတိုင်မီ မည်မျှ ထိ ဆောင် ရွက်နိုင်မည် ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်အပြင် အုပ်ချုပ်ရေး အဖွဲ့၏ ပါဝင်မှုအပေါ်တွင် မူတည်ကြောင်း ထည့်သွင်းပြောကြားသည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရန် လေ့လာသုံးသပ်ရေး ကော်မရှင် ကိုဖွဲ့စည်းထားပြီးဖြစ်သောကြောင့် မကြာမီလုပ်ငန်းစတင်တော့မည်ဖြစ်ကြောင်း၊ စေတနာကောင်းသော်လည်း လုပ်ထုံးလုပ်နည်း လွဲမှားသွားပါက နိုင်ငံအတွက် နစ်နာမှုများ ရှိလာနိုင်သဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင် ရမည်ဆိုသည်မှာ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆန္ဒအပြင် အုပ်ချုပ်ရေးအဖွဲ့၏ ဆန္ဒမှာ အဓိကကျကြောင်း၊ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေသော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ပြော ကြားသည်။

No comments:

Post a Comment

My Blog List